ပြောင်းလဲခြင်း

 

“ပြောင်းလဲခြင်း”

~~~


ပြည့်စုံတယ်ဆိုတာ 

ဘယ်သူမှ မရှိဘူး၊

ဒါပေမယ့် အထိုက်လျောက်ပြည့်စုံဖို့တော့

ဖြည့်နေရမှာဘဲ။


လူတိုင်းက အမှားနဲ့ မကင်းနိုင်ဘူး

ဒါပေမယ့် အမှားနည်းအောင်တော့

ဂရုတစိုက် ထိန်းသိမ်းရမှာဘဲ။


ကြိုးစားမှုတိုင်းက

အောင်မြင်မယ်လို့ အာမခံမထားဘူး

ဒါပေမယ့် အောင်မြင်ဖို့တော့

ကြိုးစားနေရမှာပဲ။


လောကမှာ သေချာတာ တစ်ခု ရှိတယ်

အဲ့ဒါ “ပြောင်းလဲခြင်း” ဘဲ

လူတိုင်း ပြောင်းလဲခွင့် ရှိတယ်

ကောင်းတဲ့ ပြောင်းလဲခြင်းလား?

ဆိုးတဲ့ ပြောင်းလဲခြင်းလား? ဆိုတာတော့

သင့်လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်။


ဘဝတစ်ခုလုံး ပြောင်းလဲဖို့ဆိုလျှင်

တခဏတာလေးနဲ့တော့ 

ဘယ်စဉ်းစားလို့ရမှာလည်း? ဟုတ်တယ်မလား?

အချိန်ယူပြီး အကြိမ်ကြိမ်အခါခါ စဉ်းစားပါ

နည်းလမ်းအဖြေရတာနဲ့ ဆုံးဖြတ်ချက်ချပါ

သေချာတဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ

ပြောင်းလဲခြင်းတွေ ရှိတယ်။


ကောင်းတဲ့ ပြောင်းလဲခြင်းဖြစ်ဖို့

အကောင်းတွေပဲ လုပ်ပါ၊

အကောင်းတွေပဲ ပြောပါ၊

အကောင်းတွေပဲ ကြံစည်ပါ၊

အကောင်းတွေနဲ့ ရပ်တည်လိုက်တာနဲ့

သင်ဟာ ကောင်းတဲ့ “ပြောင်းလဲခြင်း”ကို

ပိုင်ဆိုင်ရပါလိမ့်မယ်။


✍️လင်းစက်☀️

Comments

  1. လူတိုင်း ပြောင်းလဲခွင့် ရှိတယ်

    ကောင်းတဲ့ ပြောင်းလဲခြင်းလား?

    ဆိုးတဲ့ ပြောင်းလဲခြင်းလား? ဆိုတာတော့

    သင့်လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်

    ReplyDelete
  2. Replies
    1. လောကမှာ သေချာတာ တစ်ခု ရှိတယ်

      အဲ့ဒါ “ပြောင်းလဲခြင်း” ဘဲ

      လူတိုင်း ပြောင်းလဲခွင့် ရှိတယ်

      ကောင်းတဲ့ ပြောင်းလဲခြင်းလား?

      ဆိုးတဲ့ ပြောင်းလဲခြင်းလား? ဆိုတာတော့

      သင့်လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်။

      Delete
  3. ဟုတ်ကဲ့ပါ🥰

    ReplyDelete
  4. အချိန် ရှိခိုက်
    ကလစ် လိုက်

    ReplyDelete

Post a Comment