ခါးသက်သော ချိုမြိန်ခြင်း

 

“ခါးသက်သော ချိုမြိန်ခြင်း”

~~~~

အာဏာရှင်စနစ် တော်လှန်ရေးမှာ

တော်လှန်နေသူတို့ အဖို့

ဘဝရဲ့အချိုအရသာတွေက

ဘယ်လိုလည်း မသိရပေမယ့်

အခါးအရသာတွေကတော့

ယဉ်ပါးနေကြပြီ။


“ဘဝအခါးတွေ ကြုံပါများလာတော့

သောက်နေကျ ခါးတဲ့ကော်ဖီကတောင်

မခါးတော့ပဲ ချိုနေတယ်” လို့

တော်လှန်ရေး လူငယ်တစ်ဦးက ပြောတယ်။


တော်လှန်ရေးဟာ 

တော်လှန်နေကြသူတို့အဖို့

ခါးသက်ခြင်း မဟုတ်ဘဲ 

ချိုမြိန်ခြင်းတစ်ခုပါ။


ဪ… တော်လှန်ရေးက

ခါးသတ်သော ချိုမြိန်ခြင်းပါလား?


                          ✍️လင်းစက်

Comments

  1. ခါးသက်သောချိုမြိန်ခြင်း.....

    ReplyDelete
  2. တော်လှန်ရေးဟာ

    တော်လှန်နေကြသူတို့အဖို့

    ခါးသက်ခြင်း မဟုတ်ဘဲ

    ချိုမြိန်ခြင်းတစ်ခုပါ။



    ဪ… တော်လှန်ရေးက

    ခါးသတ်သော ချိုမြိန်ခြင်းပါလား?

    ✍️လင်းစက်


    ReplyDelete

Post a Comment