သီချင်းကဗျာ

 

သီချင်းကဗျာ ကဗျာသီချင်း(၂)


ကဗျာတစ်ပုဒ်ကနေဆင်းသက်လာတဲ့ သီချင်းတစ်ပုဒ်ရဲ့စာသားတွေမှာ ကဗျာအငွေ့အသက်တွေ ထုံမွှမ်းနေတတ်ပါတယ်။ ကဗျာနဲ့ရင်းနှီးတဲ့သူတွေဆိုရင် အဲဒီအငွေ့အသက်တွေကို ခံစားကြရပါတယ်။ အဲသလိုပါပဲ ကဗျာဆရာတွေက သီချင်းရေးတဲ့အခါမှာလည်း စကားလုံးတွေက တောက်ပဆန်းသစ်နေတတ်ပါတယ်။ 


ဆန်းသစ်တဲ့ စကားလုံးများနဲ့ ကဗျာအရောင်တွေတဖျတ်ဖျတ်တောက်ပနေတဲ့ သီချင်းတစ်ပုဒ်ကတော့ ကိုဂျင်မီ သီဆိုခဲ့တဲ့ 'အအေးမိတဲ့နေ့' ဖြစ်ပါတယ်။ ကဗျာဆရာ မောင်လူသစ် ရဲ့ ကဗျာကို ကိုဂျင်မီကပဲ သီချင်းတစ်ပုဒ်အဖြစ် သံစဉ်ထည့်ပြီး သီဆိုထားတာပါ။ မူရင်းကဗျာကိုတော့ မဖတ်ရပေမယ့် ကဗျာရဲ့ အဓိကစကားလုံးတွေနဲ့ အကြောင်းအရာကို သီချင်းတစ်ပုဒ်ရဲ့ ဖွဲ့စည်းမှုနဲ့ ကိုက်ညီအောင် ပြုပြင်ရေးဖွဲ့ထားတယ်လို့ ခန့်မှန်းရပါတယ်။


ဒီသီချင်းဟာ ၂၀၂၀ ကထွက်ခဲ့တဲ့ ကိုဂျင်မီရဲ့ သီချင်းအယ်(လ)ဘမ် title song လဲဖြစ်ပါတယ်။Inspiration ကောင်းကောင်းနဲ့ သီဆိုထားတာကြောင့် နားဆင်သူရဲ့ ရင်ကို တိုက်ရိုက်ထိရှစေတဲ့ သီချင်းတစ်ပုဒ်လို့ ဆိုချင်ပါတယ်။ သီချင်းအဆုံးမှာ Good night လို့ ဘာကြောင့်များ ဆိုထားပစ်ခဲ့တာလဲ ကိုဂျင်မီ။



အအေးမိတဲ့နေ့


https://youtu.be/BqODxnG8CpY




အအေးမိတဲ့နေ့

------------------

စာသား-မောင်လူသစ်

သံစဉ်၊ဆို-ဂျင်မီ


ငါ့ဖွားဘက်တော် ငါ့ဘဝ

ဘာသာဗေဒနဲ့ အစာခြေ

အိုကေပါတယ် သူငယ်ချင်းရေ


လစ်တမတ်စက္ကူစ

အလိုက်သင့်အပြုံးလေးများနဲ့ အာသာပြေ

အိုကေပါတယ် သူငယ်ချင်းရေ


စူးရှကယ်လိုရီများဖယ်ရှား

အလိုက်သင့်ရာသီခွင်နဲ့ချိန်ဆ

ဥပဓိမှင်သေသေနဲ့ရွေ့လျား

ကာရာအိုကေတေးသွားမှာ


အမွှေးအဆင်တူငှက်ငယ်များ

အတူတူနေမယ်ဆို

ချိုချိုလေးခါး


မှားယွင်းချက်ကိုပြုပြင်ဖို့ဆင်ခြင်ခဲ့ 

ညဒင်နာမှာ 

မက်ဂါပလူမွှေးတွေ ခြေဖျားထောက်


မြူးကြွမယ်လိုဒီနဲ့ခုန်ပေါက်

ယုတ္တိဆင်ခြေတွေက အနန္တ

အမှားမဲ့မှန်ကန်ချင်တဲ့ဆန္ဒ

မသေဆေးအားပေး

အသက်ရှင်လို

ခါးခါးလေးချို


အောက်စီဂျင်မလိုဘူး နိုး

ဟိုက်ဒရိုဂျင်မလိုဘူး  နိုး

I don't need you

ရေထဲမှာ လိပ်ပြာကူး

အေးဆေးပါ


အောက်စီဂျင်မလိုဘူး နိုး

ဟိုက်ဒရိုဂျင်မလိုဘူး ဝိုး

မင်းလုံးဝမလို

ရေထဲမှာ လိပ်ပြာကူး

အေးဆေးပါ


ငါ့ကိုယ်ကိုယ်ငါက ဒူးနဲ့တိုက်

ငါ့ကိုယ်ကိုယ်ငါက ဦးနဲ့ခိုက်

ငါ့ကိုယ်ကိုယ်ငါက ဒူးနဲ့တိုက်

ဒီလိုနဲ့

‌ဘော်ဒါတို့ရေ 

Good night။  ။

Comments

Post a Comment