အဂတိ

 

“အဂတိ ဆိုတာနဲ့ လာဘ်စားမှုလောက်ပဲ သိကြတဲ့နိုင်ငံ”

~~~~~~~~


“အဂတိ” ဆိုတာကို လာဘ်စားမှုတစ်ခု'လို့သာ သိကြတဲ့

မြန်မာနိုင်ငံမှာ လူဖြစ်ရတာ အင်မတန်မှကို ရှက်စရာကောင်းလွန်းပါတယ်။


“အဂတိ”ဆိုတာ ဘက်မလိုက်သင့်ပဲ ဘက်လိုက်ခြင်း’လို့

အရိုးရှင်းဆုံး အဓိပ္ပါယ်ထွက်ပါတယ်။


အဂတိက ၄ မျိုးရှိတယ်၊ ဆက်ဖတ်ကြည့်ကြပါ။


(၁)ဆန္ဒာဂတိ

ဆွေမျိုး မိတ်ဆွေ သူငယ်ချင်းမို့လို့ဆိုပြီး ချစ်လို့ ခင်လို့ ရင်းနီးနေလို့ ဘက်မလိုက်သင့်ဘဲ ဘက်လိုက်တာကို 

‘ဆန္ဒာဂတိ’လို့ ခေါ်ပါတယ်။


(၂)ဒေါသာဂတိ

တစ်ဖက်လူက မှန်နေပါလျှက်နဲ့ ကိုယ်နဲ့ အငြိုးရန်စ ရှိလို့ ကိုယ်ကသဘောမကျလို့ မုန်းလို့ အဲ့သည့်လူကို အခက်တွေ့အောင် ဒုက္ခရောက်အောင်ဆိုပြီး အဲ့သည့်လူနဲ့ဆန့်ကျင့်တဲ့ဘက်မှာ ဘက်မလိုက်သင့်ဘဲ ဘက်လိုက်တာကို 

‘ဒေါသာဂတိ’လို့ ခေါ်ပါတယ်။


(၃)မောဟာဂတိ

ပြဿနာ အကြောင်းအရင်းကို ဂဃဏန မသိပါပဲနဲ့ တခြားသူ ပြောသမျှ ရမ်းသမ်း ယုံကြည့်ပြီး သူများလိုက်တဲ့ဘက်

သူများတိုက်တွန်းတဲ့ဘက်မှာ မဆင်မခြင်နလပိန်းတုံးဉာဏ်နဲ့ မလိုက်သင့်တဲ့ဘက်မှာ ဘက်လိုက်ခြင်းကို 

‘မောဟာဂတိ’လို့ ခေါ်ပါတယ်။


(၄)ဘယာဂတိ

တစ်ဖက်လူက အင်အားကြီးလို့၊ အာဏာရှိလို့၊ ကိုယ့်အပေါ် ကျေးဇူး မကင်းလို့၊ ကိုယ်က ကြောက်နေရတဲ့သူဖြစ်နေလို့အဲ့သည့်လူ မှားယွင်းနေတာ သိပါလျှက်နဲ့ အမှန်အတိုင်း မပြောရဲ မဆိုရဲ မတုန့်ပြန်ရဲပဲ အမှန်တရားဘက်မှာ ရဲရဲတင်းတင်း မရပ်တည်ဘဲ မှားတဲ့ဘက်ကို မလိုက်သင့်မှန်း သိလျှက် အမှားဘက်ကို ဘက်လိုက်ခြင်းကို 

‘ဘယာဂတိ’လို့ ခေါ်ပါတယ်။


အဂတိအမှုဆိုတာ အဲ့သလို ၄မျိုး ရှိပါတယ်။


မြန်မာပြည်သူတွေ အခုလိုကာလ အများဆုံး ကျူးလွန်ကြတာက ဆန္ဒ အဂတိနဲ့ ဘယာ အဂတိပဲ၊ အကြမ်းဖက် စစ်အုပ်စုကတော့ ဒေါသ အဂတိကို အဓိက ကျူးလွန်နေပါတယ်၊ အဲ့သည့်အထဲကမှ အူအနေကြတဲ့ နလပိန်းတုံးတွေကတော့ မောဟ အဂတိကိုပါ ကျူးလွန်မျကြပါတယ်။


တချို့က ဒလန်တွေကို သူတို့နဲ့ ဆွေမျိုးသွေးသား မိတ်ဆွေ သူငယ်ချင်း လို့ဆိုပြီး ကာကွယ်ပေးကြတယ်၊ Social Punishment လုပ်ရမည့်သူတွေကို လုပ်သင့်ပါလျှက်နဲ့

ချစ်မှု ခင်မင်ရင်းနီးမှု အကြောင်းပြီး မလုပ်ကြဘူး၊ အဲ့ဒါဟာ အဂတိ(ဆန္ဒာဂတိ)အမှုကို ကျူးလွန်တာပါပဲ။


အကြမ်းဖက် စစ်ကောင်စီကတော့ ပြည်သူလူထုအပေါ် မှာဒေါသ အဂတိကို ကြိမ်ဖန်များစွာ ဆက်တိုက် ကျူးလွန်နေပါတယ်။


အမြင်ကျဉ်းသူ အသိဉာဏ်နည်းသူ ဘာမှတွေးတောဆင်ခြင်တတ်မှု မရှိကြတဲ့ ပြည်သူတချို့ကတော့ မောဟ အဂတိကို ကျူးလွန်နေကြပါတယ်။


အကြမ်းဖက် စစ်ကောင်စီက ပေးမည် ဒုက္ခကို ကြောက်ပြီး စစ်ကောင်စီက မှားယွင်းနေမှန်း သိလျှက်နဲ့ စစ်ကောင်စီရဲ့လက်အောက်မှာ အမိန့်နာခံနေကြတဲ့ စစ်ကောင်စီလုပ်သမျှ

ငြိမ်ခံနေကြတဲ့ စစ်ကောင်စီရဲ့ မှားယွင်းနေမှုကို မပြောဆို မတွန်းလှန်ရဲ့ကြတဲ့ အကြမ်းဖက် စစ်ကောင်စီကို အားပေးအားမြှောက် ပြုလုပ်နေကြတဲ့ ပြည်သူတချို့ကတော့ဘယာ အဂတိ အမှု ကျူးလွန်နေကြပါတယ်။


အဂတိအမှူဆိုတာနဲ့ လာဘ်စားမှု တစ်ခုလောက်တည်းကိုသာ အဂတိလို့ သိကြတဲ့ ထင်နေကြတဲ့ ဒီနိုင်ငံမှာ လူဖြစ်ရတာ အင်မတန်မှ ရှက်ဖို့ ကောင်းပါတယ်၊ မယုံလျှင် မြန်မာပြည်ရဲ့ အမှုတွဲတွေကို ပြန်လေ့လာကြည့်လိုက်ကြပါ၊အဂတိအမှုနဲ့ တရားစွဲတယ်ဆိုတာနဲ့ ကြည့်လိုက်တိုင်း လာဘ်စားမှုလောက်ပဲ တွေ့နေကြရတာက သက်သေတစ်ခုပါပဲ။


ဆန္ဒာဂတိနဲ့ တရားစွဲတာ တွေ့ဖူးသလား?

ဒေါသာဂတိနဲ့ တရားစွဲတာ တွေ့ဖူးသလား?

မောဟာဂတိနဲ့ တရားစွဲတာ တွေ့ဖူးသလား?

ဘယာဂတိနဲ့ တရားစွဲတာ တွေ့ဖူးသလား?


အထက်ပါ မေးခွန်း လေးခုမှာတောင်မှ နံပါတ်(၂)ဒေါသာဂတိနဲ့ တရားစွဲတာတော့ အမေဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းဖက် စစ်ကောင်စီက တရားစွဲတာကို ထင်ထင်ရှားရှား သိကြမယ်လို့ထင်ပါတယ်၊ ဒါတောင် ဒေါသအဂတိလို့ အသုံးနှုန်းနိုင်တဲ့ အသိပညာမရှိတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လာဘ်စားမှုကိုပဲ အဂတိအမှု’လို့ ခေါင်းစဉ်တပ်ပြီးသာတရားစွဲခြင်းဆိုတဲ့ တစ်ပါတ်မလည်တဲ့ အရည်အချင်းပဲ ရှိတယ်လို့ ဆိုလို့ရတယ်။


အဂတိအမှု ကျူးလွန်လို့ တရားစွဲတယ်ဆိုတိုင်း စောက်မြင်ကပ်ပုဒ်မနဲ့ တစ်ဖက်သားအပေါ်  ကြည့်မရ မကျေနပ်တာနဲ့ပဲ လာဘ်စားမှုကိုပဲ မတွေ့တွေ့အောင်ရှာ အပြစ် မဖြစ်ဖြစ်အောင် ဖန်တီးပြီး လာဘ်စားမှုကိုသာ အဂတိအမှုလို့ ပုဒ်မတပ်ရဲတဲ့ စောက်ရှက်မရှိတဲ့နိုင်ငံမှာ အခလို လူဖြစ်ရတာက အင်မတန်မှ ရှက်ဖို့ကောင်းပါတယ်။


ဒီလောက်ဆိုလျှင် စာဖတ်တဲ့သူတွေလည်း အဂတိအမှုက ဘာတွေလည်း အဂတိ ဘယ်နှမျိုးရှိလည်းဆိုတာ သိကြပြီလို့ ထင်ပါတယ်။


                                   ✍️လင်းစက်☀️

Comments

  1. Wheel..........dope.🏹🏹🏹

    ReplyDelete

Post a Comment