သင်ခန်းစာ

 

၂၀၂၁ အရေးတော်ပုံမှရတဲ့ သင်္ခန်းစာ

~~~~~


ပျော့ညံ့တယ် ထင်ရသူကို

ရဲရင့်သူအဖြစ် မြင်လိုက်ရတယ်


ရဲရင့်မယ် ထင်ရသူကို

ကြောက်ရွံ့ပျော့ညံ့သူအဖြစ် မြင်လိုက်ရတယ်


မတော်ဘူး ထင်ရသူတွေက 

လူတော် ဖြစ်နေတယ်


တော်မယ်ထင်ရသူက

ညံဖျင်းသူ ဖြစ်နေတယ်


လုပ်ရပ် မှားတယ်လို့ ထင်ရသူက

အမှန် လုပ်နေတာ တွေ့လိုက်ရတယ်


ကောင်းတာ မှန်တာ လုပ်နေတယ် ထင်ရသူက

ယုတ်ညံ့ မှားယွင်းမှုတွေကို လုပ်နေတာ မြင်လိုက်ရတယ်


ဒါ အထင်နဲ့ ရတဲ့ သင်္ခန်းစာ မဟုတ်ဘူး

ကျွန်တော် ကျောင်းတက်စဉ် တစ်လျှောက်

ကျွန်တော့်ကို ပညာသင်ပေးခဲ့ကြဖူးတဲ့

အမှန်တရားကို ချစ်မြတ်နိုးသူလို့ ထင်ခဲ့ရတဲ့

သိပ်ကို ကောင်းမွန်ပြီး တော်တယ်လို့ ထင်ခဲ့ရတဲ့

ဆရာ ဆရာမတွေက အဂတိလိုက်ပြီး

ပြည်သူ့ဘက်က မရပ်တည်ကြပဲ 

အကြမ်းဖက် စစ်အုပ်စုကို ထောက်ခံပြီး

အဓမ္မဘက်မှာ ရပ်တည်ခဲ့ကြတာကို

ကိုယ်တိုင် သိလိုက်ရလို့ ရတဲ့ သင်္ခန်းစာပါ


ဒါက ၂၀၂၁ အရေးတော်ပုံကနေ ရလိုက်တဲ့သင်္ခန်းစာ။


✍️လင်းစက်☀️

Comments

  1. Wheel...........dope.🏹🏹🏹

    ReplyDelete
  2. ဘဝနဲ့ရင်းပြီး ရခဲ့တဲ့
    သင်္ခန်းစာပါ 🥰

    ReplyDelete
  3. Till the end
    Fighting together 💪

    ReplyDelete
  4. မှန်ပါ့ဗျာ

    ReplyDelete
  5. ပညာရေးဖြင့်တော်လှန် CDMတို့အားမာန်💪

    ReplyDelete
  6. တကယ့်ကို ကြီးမားတဲ့ သင်ခန်းစာပါ

    ReplyDelete
  7. FB မှာရဲရဲတောက်တွေ အပြင်မှာလောက်ဖြစ်နေတယ်

    ReplyDelete
  8. အမှန်ပါဘဲဗျာ

    ReplyDelete

Post a Comment