ရေပေါ်ဆီတွေ ဒီမိုကရေစီ ရနေကြပြီတဲ့

 

“ရေပေါ်ဆီတွေ ဒီမိုကရေစီ ရနေကြပြီတဲ့”


စစ်ကျွန်ခံတွေနဲ့ ရေပေါ်ဆီတွေ ပျော်ပါးနေကြပေမယ့် စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ် တွေမှာတော့ CDM ဆရာ ဆရာမလေးတွေက အာခံ တော်လှန်ရင်း နိုင်ငံ့အနာဂတ် သားကောင်း သမီးကောင်းကလေးသူငယ်တွေကို အခုလို ခက်ခက်ခဲ ပညာသင်နေကြရပါတယ်၊ဒါတွေကို ရေပေါ်ဆီတော်လှန်ရေးသမားတွေ စာနာမိကြရဲ့လား? ကူဖို့ တွေးမိကြရဲ့လား? မကူနိုင်တောင် ပျော်ပါးတာတွေကို စာနာစိတ်နဲ့ လျှော့ခဲ့ကြဖူးရဲ့လား?


စစ်ကျွန်ခံတို့ရေ -

ခွေးအဘရဲ့ ဘောကို 'မ'ရ၊ အရိုးကိုက်ရတာက စစ်ကျွန်ခံတို့ရဲ့ ဒီမိုကရေစီလား?


ရေပေါ်ဆီတို့ရေ -

တိရစ္ဆာန်တွေလို နိုင်ငံ ဘာဖြစ်ဖြစ် ကိုယ်နဲ့ မဆိုင်သလို နေရတာက ရေပေါ်ဆီတို့ရဲ့ ဒီမိုကရေစီလား?


ခင်ဗျားတို့ရဲ့ ဒီမိုကစေီက အထူးအဆန်းကြီးနော်၊ အံသြဘ ကမ္ဘောဇလို့တောင် ပြောလိုက်ချင်ပါတယ်ဗျာ။


စစ်ကျွန်ခံတွေကတော့ ခွေးတပည့် ခွေးသားသမီးတွေဆိုတာ ဘာမှ ထူးပြောဖို့ မလိုသလို ပြောလည်း လူလိုနားလည်မှု မဟုတ်ကြလို့ မပြောလိုတော့ပါဘူး။


ဒါပေမယ့် ​စစ်အာဏာရှင်ကို မလိုလားပါဘူးဆိုပြီး လက် သုံးချောင်း ထောင်ပြီး အာဏာရှင် စနစ် အလိုမရှိစသည် အော်ခဲ့တာတွေက အခု ကိုယ်နဲ့မဆိုင်သလို ဖာသိဖာသာနေပြီး ခေါင်းရှောင်နေကြတာက ဘာသဘောလည်း?၊ 

တော်လှန်သယောင်ရေပေါ်ဆီဖြစ်ကြောင်း ပြသတာလား?

ခင်ဗျားတို့ရဲ့ အလှဓါတ်ပုံတွေ တင်မည့်အစား Click ဖို့ဆိုပြီးတိုက်တွန်း Post တင်ဖို့ မတတ်နိုင်ကြတာလား ကြောက်တာလား?

တော်လှန်ခြင်းဆိုတဲ့ ကလစ်လုပ်ရမှာ ပျင်းတာလား? 

တော်လှန်ခြင်းဆိုတဲ့ ကလစ်လုပ်ဖို့ တိုက်တွန်းဖို့ စေတနာ မရှိကြတာလား?

ခင်ဗျားတို့ ဘားသွား၊ ကလာပ်တက်၊ ဘီယာတွေ အရက်တွေ ဝယ်သောက်ဖို့ ပိုက်ဆံတွေထဲက တစ်စိတ်တစ်ပိုင်းလေးတောင် တော်လှန်နေကြသူတွေအတွက် ထောက်ပံ့မှု မလုပ်လိုကြတော့ဘူးလား?(လူတိုင်း အဲ့လောက်ကတော့ ထောက်ပံဆိုတဲ့စကား လာမပြောနဲ့၊ လက်မခံဘူး၊ တစ်နိုင်ငံလုံး အဲ့လိုသာ ပါဝင်ခဲ့ရင် ဟောဒီအရေးတော်ပုံက အပြီးသတ် အောင်မြင်တာ ကြာနေပြီ၊ မဟုတ်မဟတ်နဲ့ ဂုဏ်မဆာချင်နဲ့၊ ရှက်တတ်ကြ။)


မတော်လှန်ချင်တော့ပဲ စစ်ခွေးတွေလက်အောင် ဒူးထောက်သွားကြတာလား? 


ဖြေပေးကြပါဗျာ … … … … …


အာဏာရှင်စနစ်ကို မလိုလားကြတဲ့ ကျွန်တော်တို့ပြည်သူတွေကတော့ ဒီမိုကရေစီ မရကြသေးတာမို့ ခံယူချက် အတူတူထားပြီး မပျော်ပါးနိုင် မသာယာနိုင် မခံစားနိုင်အားသေးဘဲ ဆက်လက် တော်လှန်ကြပါဦးမယ်။


ကျွန်တော်တို့ ရဖို့ တော်လှန်နေတဲ့ ဒီမိုကရေစီ ရသွားတဲ့အခါ အဲ့ ဒီမိုကရေစီကို ခင်ဗျားတို့ လာခံစားတဲ့အခါ လိပ်ပြာလုံနိုင်ကြပါစေ။


ရေပေါ်ဆီတွေကို တော်လှန်ရေးပြည်သူတွေက စကားတစ်ခွန်း ပြောချင်ပါတယ်တဲ့ အဲ့ဒါကတော့ -


“ရေပေါ်ဆီတွေက ဒီမိုကရေစီ ရနေကြပြီ” တဲ့ 


အဲ့လိုပဲ တော်လှန်ရေးပြည်သူတွေက နားလည်လိုက်ကြပါပြီတဲ့ဗျာ။



✍️လင်းစက်




Comments

  1. လေကုန်တယ် click

    ReplyDelete
  2. အားလုံးကိုကြည့်ထားတယ်
    အခုလောလောဆယ်တော့ဘာမှမပြောချင်ဘူး တော်လှန်ရေးပြီးမှဘောင်ချာစုတ်မှာ

    ReplyDelete
  3. “ရေပေါ်ဆီတွေ ဒီမိုကရေစီ ရနေကြပြီတဲ့”
    🖕🖕🖕
    ဘောမ ဘောကိုက်တွေ
    ပြီးကျ တွေ့တာပေါ့🙂

    ReplyDelete
  4. 😐😕 မှတ်ထားတယ် ရေပေါ်ဆီတေံကို

    ReplyDelete
  5. လိပ်ပြာလုံနိုင်ကြပါစေ
    ဆုတောင်းပေးတယ်

    ReplyDelete
    Replies
    1. ကိုယ်တွေ ဆုတောင်းပေးလဲ သူတို့စိတ်ဓါတ်နဲ့ လုပ်ရပ်တွေကြောင့် အဲ့ဆုတောင်းက မပြည့်ဘူး

      Delete
  6. ဒင်းတို့ကို လျစ်လျူရှုပြီး
    ​နေ့တိုင်း Click တယ် 💪

    ReplyDelete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. ကြယ်လေးတွေကြွေတဲ့အချိန် သင်တို့လိပ်ပြာလုံရဲ့လား

    ReplyDelete

Post a Comment