Book review

 

တံခွန်တိုင်မောင်နှမများ

 နတ်နွယ်


 စိတ်ကူးချိုချိုစာပေ



  ခေတ်ကာလကား သီပေါမင်းတက်စ တိုင်းပြည်က အင်္ဂလိပ်လက်သို.တစ်၀က်ပေးထားရချိန်  မြန်မာ့နန်းတွင်းမှာ လူစုကွဲနေချိန် တိုင်တားရဲ.လူ ကင်း၀န်ရဲ.လူ  ညောင်အုပ်ရဲ.လူ စသည်ဖြင့် ညီအစ်ကိုချင်း သားအဖချင်းတောင်  မယုံရချိန်ခေတ်ကာလဆိုး။ တံခွန်တိုင်မြို.စားကြီး ဦးကျောက်လုံးမှာ  သားသမီးခြောက်ယောက်ရှိသည် မောင်မောင်ကြီး မောင်မောင်လတ် မောင်မောင်လေး  ခင်ခင်ကြီး ခင်ခင်လတ် ခင်ခင်လေး စရိုက်တစ်မျိုးစီနဲ. မောင်နှမများ ။  သမိုင်းကိုတင်ရန်မဟုတ် တစ်အူတုံဆင်း မောင်နှမအရင်းချာများ  စီးပွာရေး နိုင်ငံရေးအခြေနေ အလိုက် ကွဲပြားခြားနားခဲ.ကြသော သူတို.ဘ၀  သူတို.ရပ်တည်ချက်များ နယ်ချဲ.တိုင်းတစ်ပါးသားက  တိုင်းပြည်ရဲ.အာဏာကိုနှောက်ယှက်လုယူဖို.ကြိုးစားစဉ် သစ္စာဖောက်နှင့်  မျိုးချစ်စိတ်ရဲ.အားပြိုင်မှု မောင်နှမ အရင်းချာတွေဖြစ်ပေမဲ.  ကွဲပြားသွားသော ရပ်တည်မှု.များ။ ထင်းစည်းကိုချိုးခိုင်းသော  သားနှစ်ယောက်နှင့် အဘပုံပြင်ကို သတိရမိသည် အိမ်ထောင်စုတစ်ခုရဲ.  မောင်နှမအချင်းချင် သားအဖအချင်းချင်း ရပ်တည်မှု. ဘုံယုံကြည်ချက်မတူညီတဲ.အခါ  အိမ်ထောင်စုတွေစုထားသော မြန်မာပြည်ကြီးလွတ်လပ်ရေး ဆုံးရှုံးရတာ  အဆန်းပင်မဟုတ်တော့။ ယုံကြည်တစ်ခုအပေါ်မှာ မောင်နှမတစ်စု  စုရုံးလို.မရနိုင်ခဲ. သည်လိုပဲ တိုင်းရင်းသားမောင်နှမများစုနေသော  မြန်မာပြည်ကြီးမှာ ယုံကြည်တစ်ခုပေါ်စုရုံးလို.မရနိုင်တဲ.အခါ  သည်မောင်နှမတစ်စု မငြိမ်းချမ်းနိုင်သလို တစ်ကွဲတစ်ပြား နောက်ဆုံး  မောင်နှမချင်းချင်း တစ်ယောက်က တစ်ယောက်ကိုသတ် တံခွန်တိုင်မျိုးဆက်  သွေးစွန်းခဲ.ရသည် ။ အပစ်ခတ်နှင့် အညစ်ပတ်ဟု ထိုခေတ်က ဝေဖန်ခံခဲ.ရသော  သည်၀တ္ထုရဲ. ရည်ရွယ်ချက်ကို ကျွန်တော်သည်လိုမြင်မိသည်  (ဆရာက ၀တ္ထုအမှာစာမှာလည်း ပြောသွားပါသည်) ကျွန်တော့်အတွေးသည်လည်းမှားကောင်းမှားပေလိမ့်မည်  လက်ကမချနိုင်လောက်အောင်ကောင်းမွန်လှသော ဆရာနတ်ရဲ.အရေးသားများအား  ခိုက်မိပါ၏။

Comments

Post a Comment