Halloween

 X-mas ပြီးရင် ဒုတိယ လူကြိုက်အများဆုံးဖြစ်တဲ့ Halloween ပွဲတော်အကြောင်းကို သင်သိပြီးပြီလား။



- ခရစ်ယာန်ဘာသာရေးပွဲတော်ခေါ် Halloween ပွဲတော်ဖြစ်ပေါ်လာပုံ 


'Halloween' ဆိုတဲ့ စာကားလုံးက 'All Hallows' Eve' ဆိုတဲ့ ဘာသာရေးစကားလုံးက ဆင်းသက်လာတာဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်များရဲ့ မြင့်မြတ်သောနေ့များဖြစ်တဲ့ November 1 ( All Saints' Day) နဲ့ November 2 (All Sauls' Day) မတိုင်ခင် October 31 မှာ ကျင်းပလေ့ရှိပါတယ်။ အချိန်အတိအကျကတော့ October 31 ညနေ 5:30 ကနေ ည 9:00 အထိပဲ ဖြစ်ပါတယ်။ 


Celtic လူမျိုးများရဲ့ Samhain ပွဲတော် ရိုးရာဓလေ့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ November 1 ရက်နေ့က Celtic ပြက္ခဒိန်ရဲ့ နှစ်သစ်ကူးရက်ဖြစ်တဲ့အတွက် October 31 ရက်နေ့သည် နှစ်ဟောင်း၏ နောက်ဆုံးညဖြစ်သည့်အပြင် နှစ်တစ်နှစ်ရဲ့ နွေရာသီကုန်ဆုံးပြီး ဆောင်းဦးဝင်မည့် ကာလလည်းဖြစ်ပါတယ်။ Samhain ပွဲတော်အရ ဒီကာလသည် လူ့လောကနှင့် ပရလောကဆက်နွှယ်သည့်အချိန်ဖြစ်ပြီး လောကနှစ်ခုဆက်နွှယ်မှုအလွှာမှာလည်း အပါးလွှာဆုံးဖြစ်ပါတယ်။ ထိုပါးလွှာမှုကြောင့် ဘိုးဘေးဘီဘင်များသာမက မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများပါ နိုးထလာပြီး လူ့လောကထဲကိုဝင်လာနိုင်တယ်လို့ ယူဆကြပါတယ်။ မကောင်းဆိုးဝါးများနှင့် သရဲတစ္ဆေများ ကျေနပ်ပြီး အန္တရာယ်မပြုအောင် လူသားများကပါ သရဲလိုဝတ်စားဆင်ယင်ကြရတယ်လို့ဆိုပါတယ်။ 


ထို့နောက် ဘဝကူးပြောင်းသွားတဲ့ မိသားစုဝင်တွေ ချစ်ခင်ရတဲ့သူတွေကို ဆုတောင်းပေးကြပြီး သတိတရနဲ့ကျင်းပပေးကြတဲ့ ရိုးရာပွဲတော် Halloween အဖြစ်ကူးပြောင်းလာတာဖြစ်ပါတယ်။ ယနေ့ခါမှာတော့ Halloween ပွဲတော်ကို ပျော်စရာပွဲတော်အနေနဲ့ ကျင်းပကြပါတော့တယ်။ 


Jack-o'-lanterns 🎃 


Halloween လို့ပြောလိုက်တာနဲ့ ရွှေဖရုံသီးမီးအိမ်လေးတွေကလည်းမပါမဖြစ်ပါပဲ။ ရွှေဖရုံသီးမီးအိမ်ဖြစ်ပေါ်လာပုံကတော့ Jack-o'-lanterns (Jack of the Lanterns) ခေါ် 'Stingy Jack' ဆိုတဲ့ လူတစ်ယောက်နဲ့ဆိုင်တဲ့ အိုင်းရစ်ဒဏ္ဏာရီတစ်ခုက ဆင်းသက်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

( ရွှေပန်းထိမ်ဆရာတစ်ယောက်ဖြစ်သည့်အပြင် အလွန်ကောက်ကျစ်တဲ့ Jackကို စေတန်ကလာခေါ်တဲ့အခါ ‌အကြောင်းအမျိုးမျိုးပြကာ လက်ဝါးကပ်တိုင်နဲ့ ဖမ်းချုပ်လှည့်စားနေခဲ့ပါတယ်။ စေတန်ကို ၂ကြိမ်တိတိလှည့်စားပြီး အသက်ဆက်ရှင်နိုင်ခဲ့ပေမဲ့ အရက်သောက်များပြီးသေခဲ့ရပါတယ်။ ဝိဉာဉ် Jack ကို ကောင်းကင်ဘုံကရော ငရဲပြည်ကပါလက်မခံသည့်နောက်မှာတော့ Jack ဟာ သူ့လမ်းကိုပြပေးဖို့ တစ်ခုခုတော့ပေးပါဆိုပြီး စေတန်ထံတောင်းဆိုခဲ့ရာ ငရဲပြည်ရဲ့ မီးတောက်တစ်ခုကိုရရှိခဲ့ပါတယ်။ Jackဟာ မီးတောက်မသေသွားအောင် မုန်လာဥတစ်ခုကိုထွင်းပြီး မီးအိမ်လုပ်ကာ ထိုအလင်းရောင့်ဖြင့်သာ လျှောက်သွားနေခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ကို Jack-o'-lanterns (Jack of the Lanterns) လို့ ခေါ်ကြတာပဲဖြစ်ပါတယ်။ October 31 ရက်နေ့ရောက်တိုင်း တခြားမကောင်းဆိုးဝါးများနှင့်အတူ ရောက်လာမည့် Jack ကိုကြောက်ကြတာကြောင့် ခြောက်လှန့်သည့်အနေဖြင့် မုန်လာဥ, အာလူးတို့ကို ထွင်းပြီး မီးအိမ်လုပ်ကာ အိမ်ရှေ့မှာထားလေ့ရှိကြပါတယ်။ နောက်ပိုင်းမှာတော့ ထွင်းရလွယ်တဲ့ ရွှေဖရုံသီးများကို ပြောင်လဲအသုံးပြုလာခဲ့ကြပါတယ်။) 


Trick or Treat 🍬 


Halloween မှာ အဓိကလုပ်လေ့ရှိတဲ့ trick or treat activity မှာတော့ ကလေးသူငယ်အများဆုံးပါဝင်ကြပါတယ်။ အဓိပ္ပာယ်ကတော့ သကြားလုံးမပေးရင် သရဲခြောက်(စနောက်) လိုက်မှာနော်လို့ ဆိုပါတယ်။ 'treat' မပေးတဲ့အိမ်ရှင်များကတော့ ကလေးများရဲ့ ခိုင်းစေမှုအတိုင်းလိုက်လုပ်ပေးရတာတို့ တခါတလေ ကလေးများရဲ့ စနောက်ပြီး ပန်းအိုးများနေရာရွှေ့သွားတာတို့ ပစ္စည်းတစ်ခုခုယူသွားတာတို့ ခံရတတ်ပါတယ်။ ( ဆိုတော့ သကြားလုံးသာ များများဆောင်ထားစေလိုပါတယ်) 


Halloween သင်္ကေတများ 


1- Jack-o'-lanterns

2- Trick or Treat

3- Hunted House

4- Ghosts

5- Bat

6- Owl

7- Apple Bobbing Game ( ရေပုံးထဲပန်းသီးများထည့်ပြီး ပေါ်လာသည့်ပန်းသီးကို လက်နဲ့မယူဘဲ ပါးစပ်နဲ့ကိုက်ယူရတဲ့ ကစားနည်းပဲဖြစ်ပါတယ်။) 


အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အမြန်ဆုံးအေးချမ်းသာယာတဲ့ဘဝကိုပိုင်ဆိုင်ကြပါစေ.....

Comments

Post a Comment