Movie Review
Lone Survivor
တာလီဘန်စစ်သွေးကြွခေါင်းဆောင်ကို ထောက်လှမ်းဖမ်းဆီးဖို့ တာဝန်ပေးခြင်းခံရတဲ့ အမေရိကန်အထူးတပ်သား ၄ ယောက်ရဲ့ Operation Red Wings ဟာ မျှော်မှန်းထားသလိုဖြစ်မလာဘဲ တာလီဘန်တွေနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရပြီး Marcus Luttrell တစ်ယာက်ပဲအသက်မသေပဲ စခန်းကိုပြန်ရောက်ခဲ့ပါတယ်။ သူတို့ရဲ့ရှေ့တန်းအတွေ့အကြုံကို Marcus Luttrell က စာအုပ်အဖြစ် 2007 မှာ ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ကို အခြေခံပြီး ဒါရိုက်တာ Peter Berg က 2013 မှာ ရုပ်ရှင်အဖြစ် ကိုယ်တိုင်ဇတ်ညွှန်းဖွဲ့ ရိုက်ကူးခဲ့ပါတယ်။ ဇတ်ကားအမည်ကိုလည်း စာအုပ်ခေါင်းစဉ်အတိုင်း Lone Survivor လို့ပဲ ပေးခဲ့ပါတယ်။ Marcus Luttrell အဖြစ် နာမည်ကျော်မင်းသား Mark Wahlberg ကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇတ်ကားဟာ အကြောင်းအရာအားဖြင့် ရုပ်ရှင်လောကရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး Producer အဖြစ်ပါဝင်လိုသူတွေလဲ များပြားခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်စစ်တပ်ကလည်း ဇတ်ကားရိုက်ကူးရေးအတွက် ရဟတ်ယာဉ်၊ လက်နက်၊ စစ်ရေးလေ့ကျင့်မှု စတဲ့ ပံ့ပိုးမှုများစွာပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇတ်ကားဟာ တကယ်ဖြစ်ရပ်မှန်ကို သရုပ်ဖေါ်ထားတာဖြစ်တဲ့အတွက် ဖျော်ဖြေရေးဆန်တဲ့ စတန့်ခန်းတွေ၊ လက်တွေ့နဲ့ကင်းကွားတဲ့ လူစွမ်းကောင်းဆန်မှုတွေမပါပါဘူး။ ဇတ်ရှိန်အတက်အကျကို ကစားဖို့ အနည်းငယ်ပြုပြင်ထားတာကလွဲရင် တကယ့်အဖြစ်အပျက်အတိုင်း ကြိုးစားရိုက်ကူးထားတာ ဖြစ်တဲ့အတွက် ကြည့်ရှုသူအနေနဲ့ တကယ့်စစ်မြေပြင်မှာ ရောက်နေသလို လိုက်ပါခံစားရမှာဖြစ်ပါတယ်။ စစ်မြေပြင်မှာ အသက်ရှင်သန်ရေးအတွက် စစ်သားတစ်ယောက်ရဲ့ ကြံ့ကြံ့ခံရုန်းကန်ရပုံတွေကိုလည်း ရှုမြင်ရမှာဖြစ်ပါတယ်။ တိုက်ပွဲဇတ်ဝင်ခန်းတွေကို သရုပ်ဖေါ်မှုဟာ ပီပြင်လှပြီး Nomination နဲ့ Award တွေလဲ ရရှိခဲ့ပါတယ်။ Mark Wahlberg ကိုယ်တိုင်လဲ အကောင်းဆုံးအက်ရှင်သရုပ်ဆောင်ဆု ရရှိခဲ့ပါတယ်။ ဒါရိုက်တာ Peter Berg အနေနဲ့တော့ Nomination နဲ့ပဲကျေနပ်ခဲ့ရပါတယ်။ ဒီဇတ်ကားဟာ Hancock, Battleship, Deepwater Horizon စတဲ့ ရုပ်ရှင်ပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ ဇတ်ကားတွေကို ရိုက်ကူးခဲ့သူ Peter Berg ရဲ့ တစ်မူထူးခြားတဲ့ လက်ရာတစ်ခုဖြစ်ပါကြောင်း....
Done
ReplyDelete𓂃∗ˈ‧₊°ᰔᩚ ♡︎ ♫︎
ReplyDelete🍷🐻🍂
DeleteTHANKS.
ReplyDelete👽
ReplyDeleteThanks
ReplyDeleteDone✌️🍀
ReplyDeleteLike it 👏👏🍀
DeleteDone 🍀
ReplyDeleteDone 🍀
DeleteWheel..........dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
DeleteDone 💪
ReplyDelete👍👍👍💋
ReplyDelete❤️💜
ReplyDelete❤️💜
DeleteDone(✯ᴗ✯)
ReplyDeleteကြည့်ပါဦးမယ်ဗျ
ReplyDelete