No Bra Day
No Bra Day
အားလုံးပဲ မင်္ဂလာပါ ..
ဒီနေ့ကတော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် အရေးပါတဲ့ နေ့လေးတနေ့ပါ။ No Bra Day လို့ လူအများ သိထားကြပါတယ်။ (ဘာလို့ သိနေကြတာလဲ … ရိုးသားကြပါကွာ)
ဒီနေ့ကို၂၀၁၁ ခုနှစ်ကတည်းက စတင်ပြီး အစဉ်တစိုက် သတ်မှတ်လို့ အထိမ်း အမှတ်ပြုခဲ့ကြပါတယ်။
No Bra Day မှာ ပါဝင်ဆင်နွှဲခြင်းများအပေါ် အမျိုးမျိုးသော ဝေဖန်ထောက်ပြမှုများနှင့် အမှောင်စကားများ ပြော ဆိုနေကြတာကိုတော့ လူမှုကွန်ယက်ပေါ်မှာ တွေ့မြင်ကြရမှာပါ။ (ဟေ့ဟေ့ အဲ့စာရင်းထဲ ပါခဲ့သေးလား)
သတိပြုသင့်တာကတော့ No Bra Day နေ့ဟာ သာမန်ပျော်ပါးစနောက်စရာအဖြစ် သတ်မှတ်ထားတာမျိုး မဟုတ် ပါဘူး။
No Bra Day ဟာ အမျိုးသမီးများ၏ ကျန်းမာရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည့် ရင်သားကင်ဆာ ရောဂါအပေါ် အထူးဂရုပြုမိစေဖို့ဖြစ်ပါတယ်။ အောက်တိုဘာလကို “ရင်သားကင်ဆာ ဂရုပြုလ” (Breast Cancer Awareness) လို့တောင် တင်စားခေါ်ဆိုကြပါတယ်။
ဆိုတော့ ရင်သားကင်ဆာဆိုတာ ဘာလဲ၊ ဘယ်လိုလဲ၊ ဘာလို့သတိပြုဖို့ လိုတာလဲဆိုတာ မေးခွန်းလေးတွေ ရှိနေကြပြီမလား …
စိတ်မပူပါနဲ့ .. မင်မင်တို့အဖွဲ့က ပြောပြပေးဖို့ လေ့လာပြုစုထားပါတယ်။
ရင်သားကင်ဆာဆိုတာ ရင်သားရဲ့တစ်သျှူးအသားစတွေ မူမမှန်ပွားများကြရာကနေဖြစ်ပေါ်လာတာပါ။ ကမ္ဘာ တဝှမ်းရှိ အမျိူးသမီးများတွင် ဒုတိယအတွေ့အများဆုံးရောဂါတခုဖြစ်ပြီး အမျိုးသားများတွင်လည်း ဖြစ်ပေါ်တတ် ပေမယ့် ဖြစ်နိုင်ချေ အလွန်နည်းပါတယ်။
ရင်သားကင်ဆာရောဂါရှင်တွေမှာ ကြုံတွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကို အကိုးအကားပြုလို့ ဖော်ပြချင်ပါတယ်။
- နို့သီးခေါင်းအရေပြားနှင့် ရင်သားအပေါ်ယံအရေးပြားတို့ အရေခွံကွာကျခြင်း၊ အရေခွံပက်ကြားအပ်ခြင်း
- ရင်သားအရောင် နီရဲလာခြင်း
- နို့သီးခေါင်းမှ သွေးစက်ကျခြင်း
- ရင်သားအရွယ်အစားနှင့် ပုံစံ သိသိသသာသာ ပြောင်းလဲသွားခြင်း
- ရင်သားအရေပြားတို့ တင်းရင်းမနေဘဲ လိမ္မော်သီးအဖွံကဲ့သို့ ပုံသဏ္ဍာမမှန် ဖောင်းကြွခြင်း (သို့) ချိုင့်ဝင် သွားခြင်း
- နို့သီးခေါင်းပုံစံ မမှန်တော့ဘဲ ပြောင်းလဲသွားခြင်း (အထဲသို့ ချိုင့်ဝင်သွားခြင်း)
- နို့သီးခေါင်းမှာ အဖုများ အကွက်များ ထွက်ပေါ်လာခြင်း
- ရာသီလာစဉ်ကာလမဟုတ်ဘဲ ဂျိုင်းကြားနှင့် ရင်သားတို့ နာကျင်စွာခံစားနေရခြင်း
- ဂျိုင်းကြားမှာ အကြိပ်တည်လာခြင်း
- ရင်သားတစ်ရှူးတွေ ထူထဲကာ မာတင်းတင်းဖြစ်၍ နေထိုင်ရခက်ခဲခြင်း .. အစရှိသည်တို့ ဖြစ်ကြပါတယ်။
ဒါဆိုရင်တော့ ဒီလို သံသယဖြစ်ဖွယ်လက္ခဏာလေးတွေ ကိုယ်တိုင်ကြုံတွေ့လာခဲ့တာဖြစ်စေ၊ ကိုယ့်အနီးနားက လူတွေ ခံစားနေရကြောင်း သိရှိလာသည်ဖြစ်စေ သေချာသွားအောင် စစ်ဆေးမှုတွေ ဆောင်ရွက်သင့်ပါတယ်။
ရင်သားကင်ဆာကို ဘယ်လိုမျိုးစစ်ဆေးအတည်ပြုနိုင်သလဲဆိုတာ အသေးစိပ်သိရှိနိုင်ဖို့ ဒီလင့်ခ်လေးတွေကနေ ဆက်လက်သွားရောက်လေ့လာပေးကြပါ။
ကုသနည်း ရှင်းပြချက်တွေကိုတော့ ဒီလင့်ခ်လေးကနေ သွားရောက်လေ့လာနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ကတော့ ဒီရောဂါကို ဘာလို့သတိထားသင့်တာလဲဆိုတာ ဆက်ပြောသွားမှာပါ။
ကမ္ဘာပေါ်က အမျိုးသမီး ၁၀၀ မှာ ၁၂ ယောက်ဟာ ရင်သားကင်ဆာကို ခံစားနေရတယ်လို့ လေ့လာမှုများက ဆိုပါတယ်။ ရင်သားကင်ဆာဟာ စောစီးစွာတွေ့ရှိ၍ ကုသမှုခံယူပါက ပျောက်ကင်းနိုင်သော ရောဂါဖြစ်တဲ့အတွက် ကြိုတင်စစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။
ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပုံမှန်စစ်ဆေးဖို့ကတော့ လူတိုင်းဆောင်ရွက်နိုင်ပါတယ်။ နည်းလမ်းလေးသိဖို့ပါပဲ ..
မိမိရင်သားကို ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ကာ ရင်သားနှစ်ဖက် ညီမညီ၊ တတန်းတည်းဖြစ်မဖြစ်၊ အလုံးအနာရှိမရှိ ကြည့်ရှုခြင်း၊ လက်ဖြင့် အပေါ်အောက် သို့ အဝိုင်းပုံစံစမ်းသပ်ခြင်း၊ ချိုင်းအောင့်နှိုက်၍ စမ်းသပ်ခြင်းများကို ပုံမှန် ပြုလုပ်သင့်ပါတယ်။
ကဲ .. ဘာမျှ မခက်ဘူးမလား .. ကြိုတင်ကာကွယ်ထားတော့ မဆုံးရှုံးသင့်တာတွေ မဆုံးရှုံးရသလို ဘဝကိုလည်း ချစ်ခင်ရသူတွေနဲ့ ပျော်ပျော်ပါးပါးဖြတ်သန်းနိုင်တာပေါ့။
No Bra Day ကို အလင်းရောင်မဲ့နေ့လို့ ကြည့်ချင်လည်း ကြည့်ကြပေါ့.. တားလို့မှ မရပဲကိုး။ No Bra Day ကြောင့် ရင်သားကင်ဆာလေးကိုတော့ သတိပြုသွားကြပါနော ….
အားလုံးကို လေးစားချစ်ခင်လျက်
လာနူလောင်းကူ
🦥🤎
ReplyDeleteအဲ့စာရင်းထဲလည်းမပါခဲ့သလိုဒီနေ့no bra dayမှန်းလည်းမသိခဲ့ပါဘူးအာ့ဆိုရိုးသားလား😁
ReplyDeleteWheel.........dope.🏹🏹🏹
ReplyDeleteWheel..........dope.🏹🏹🏹
DeleteWheel............dope.🏹🏹🏹
DeleteDone 🍀
ReplyDeleteအမျိုးသမီးထုကြီးအတွက် စိတ်ပူမိတယ်ဗျာ :(
DeleteEveryday should be no bra day :P
Done :D
DeleteDone 🍀
Deleteရောဂါကင်းဝေး ကျန်းမာကြပါစေ 🍀🕊️
ReplyDelete🐝
ReplyDeleteလေဒီ တို့ရေ ဂရုစိုက်ကြပါ❤️
ReplyDeleteမျှဝေပေးလို့ကျေးဇူးပါ
ReplyDelete🥰🥰🥰
THANKS.
ReplyDeleteDone 💪
ReplyDelete❤️💜
ReplyDelete❤️💜
Delete👍👍👍💋
ReplyDeleteThanks.
ReplyDeleteDone ✅
ReplyDeleteThanks for sharing!
ReplyDeleteDone 💙
ReplyDelete