Taylor Swift - New Album

 



Taylor Swift – New Album (Midnight) – First peek

Swifties တွေကို မမ Tay တစ်ယောက် 2022 VMA မှာတုန်းက surprise တိုက်သွားတဲ့ Album အသစ်လေးကတော့ မနေ့ကပဲ ထွက်လာခဲ့ပါပြီ။ စုစုပေါင်း သီချင်း (၁၃) ပုဒ်ပါတဲ့ ဒီ Album ကို Midnights လို့နာမည်ပေးထားပါတယ်။

Evermore တို့ Folklore တို့တုန်းက ဝုန်းခနဲထုတ်ချပြီး surprise တိုက်ခဲ့တဲ့ အမေ Tay တစ်ယောက် VMA မှာ Album အသစ်ထွက်မယ်လို့ spoiler ကြီးကြိုပေးသွားပြီး သန်းခေါင်ယံ (midnight) ကျထပ်ပြောပြမယ်သိလား” ဆိုပြီး album နာမည်ကိုပါ အမြည်းပေးသွားတာတွေ၊ Midnights Mayhem With Me ဆိုပြီး ပါမဲ့သီချင်းနာမည်တွေကို ကြိုပြောခဲ့တာတွေကြောင့် အရမ်းစောင့်ခဲ့ရ hypeခဲ့ရတဲ့ album လေးဆိုတော့ review လုပ်တာထက် ဒီ Album လေးနဲ့ပတ်သက်ပြီး နားထောင်ရင်းတွေးမိလာတာလေးတွေကို မျှဝေပေးမှာဆို ပိုမှန်ပါလိမ့်မယ်။

(အမလေး.. ကျွန်တော်လဲ ရေးရင်း အမေ Tay လို အရစ်ရှည်မိပြန်ပြီ 😂)

၁။ ဘာသီချင်းတွေပါမှာလဲ

Swifties တွေကတော့ ဒီခေါင်းစဉ်နဲ့စလို့ ဆဲချင်နေကြမလားမသိဘူး။ Midnight Mayhem မှာ နံပါတ်နဲ့ကို အတိအကျ ဘာပါမလဲပြောထားတာမို့ ရှည်ရှည်ဝေးဝေးပြောစရာတောင်မရှိပါဘူး။ “13 is my lucky number” လို့ပြောထားသလို ၁၃ ပုဒ်ထည့် ထားတဲ့အပြင် 13 နဲ့ပတ်သက်ပြီး သီချင်းတွေထဲမှာလဲ ထည့်သုံးသွားတာ သတိထားမိမှာပါ။

"Lavender Haze"

"Maroon"

 "Anti-Hero"

 "Snow on the Beach" ft. Lana Del Rey

"You're on Your Own, Kid"

"Midnight Rain"

 "Question…?"

"Vigilante Shit"

"Bejeweled"

"Labyrinth"

"Karma"

"Sweet Nothing"

"Mastermind"

ဆိုပြီး ၁၃ ပုဒ်အပြင် midnight ကိုကျော်ပြီး bonus track ၇ ပုဒ်နဲ့ 3am edition လည်းထွက်လာပါသေးတယ်။ Hits different ရဲ့ remix version ကတော့ target-exclusive CD မှာပဲ ပါမှာမို့ ခဏတဖြုတ်စောင့်ပြီးမှ နားထောင်ရမဲ့သဘောပါပဲ။ (မနေ့ညကမှ FATF က blacklist ထဲ ထည့်လိုက်လို့ ဒေါ်လှတွေထိုးတက်တာနဲ့ ပိုငိုလို့ကောင်းသွားတာပေါ့လေ)

၂။ ဘယ်လိုသီချင်းတွေလဲ

မမေးခင် ငိုဖို့ စဉ်းစားပြီးသားမို့လား...? “ဒီ album လေးဆိုတာ အိပ်ပျက်ည ၁၃ ခုနဲ့ရင်းနှီးခဲ့ရတဲ့ ကျွန်မဘဝခရီးထဲက ကြောက်လန့်စရာအိပ်မက်ဆိုးတွေနဲ့ အိပ်မက်လှလှလေးတွေအကြောင်း သန်းခေါင်ယံအတွေးလေးတွေပါ” လို့ ပြောသွားကတည်းက မျက်ရည်သုတ်ဖို့ တစ်ရှုးတစ်ထုပ်နဲ့ တိုက်ဆိုင်မှုတွေပါလာရင် ရိုက်ခွဲစရာတစ်ခုခု ကြိုရှာထားသင့်နေပြီနော်။

သူ့ရဲ့ ဂီတသက်တမ်းတလျှောက်က အိပ်ပျက်ညတွေမှာ ခံစားမိသမျှ ရေးထားတဲ့ သီချင်းတွေ ဆိုတဲ့အတိုင်း ခံစားမှုကတော့ အစုံပဲလို့ပြောရမှာပါ။

၃။ Highlights

အကုန်ထိုင်ပြောရင် midnight တွေ 3AM တွေကျော်ပြီး dawn ထိရောက်မှာမို့ အကြိုက်ဆုံး ၂ ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ခံစားချက်ချင်း တိုက်ဆိုင်တာ ကွဲလွဲတာတွေကိုလည်း ပွားသွားပေးကြပါဦးလို့ 😊😊

Anti Hero

“တုန်လှုပ်ခံစားရင်း လျှောက်ခဲ့ရတဲ့ ခြေလှမ်းတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ မကောင်းဆိုးဝါးတွေ” လို့ ပြောထားတာနဲ့ တန်လားမတန်လား Anti-Hero ကို နားထောင်လိုက်ရင် သိသွားပါလိမ့်မယ်။ 

I’ll stare directly at the sun, but never in the mirror ဆိုပြီး သူခုန်ချပြထားတဲ့ insecurities တွေထဲမှာမျောကြည့်လိုက်ပါ။ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်တဲ့အတွေးတွေ၊ အတွေးလွန်တတ်သူတွေအတွက်တော့ “It’s me. Hi! I’m the problem, it’s me” နဲ့တင် တဖြုတ်ဖြုတ်ကြွေရမှာပါ။

နားထောင်နေရင်း “Tay က သူရဲ့ ရင်ဘတ်ထဲက သူ မကြိုက်တဲ့ခံစားချက်တွေကို ပြန်ပြောနေတာလား” လို့ ခံစားမိလာတဲ့အထိပါပဲ။

လူတိုင်းမှာ ကိုယ့်ကိုယ်ကို ပြန်သဘောမကျတဲ့အချက်တွေ အများကြီးမို့လား။ Tay ကတော့ ဘာတွေကို မကြိုက်ဘူးတဲ့လဲ...? Anti Hero မှာ မြင်ရပါလိမ့်မယ်။

Karma

ဟိုလူ့ကိုပြောတာလား ဒီလူ့ကိုပြောတာလား၊ Reputation မထွက်ခင်က ဖျက်လိုက်ရတဲ့ album လေးအတွက်လား စဉ်းစားမနေပါနဲ့တော့။ Karma is a bitch လို ပေါက်ကွဲပြလေမလားထင်ထားရင်လဲ လွဲပြန်ပါပြီ။

“You wouldn’t know what I mean” ဆိုပြီး မရွှေ Tay တစ်ယောက်ဘယ်လိုအေးချမ်းပြမလဲဆိုတာ ခံစားကြည့်လိုက်ပါ။ “Karma is on your scent like a bounty hunter, Karma is gonna track you down step by step from town to town” တဲ့။ အေးအေးချမ်းချမ်းလေး စီးမျောစရာလေးပါ။ Yes, Karma is the breeze in my hair on the weekend ပဲလေ။ ပိတ်ရက်မှာ အေးအေးဆေးဆေးလေး မျောဝင်ကြည့်လိုက်ပါဦး။


နားထောင်ပြီးသူတွေကလည်း ဘာတွေ ဘယ်လိုကြိုက်မိကြောင်း Share သွား ပွားသွားပေးကြပါဦး။


LWINT

Comments

  1. နား​ထောင်ရ​သေးဘူး

    ReplyDelete
  2. သေချာတော့ နားမထောင်ရသေး အမြည်းတော့နားထောင်ပြီးပြီ ဟီး"
    ကိုယ့်ရဲ့နတ်သမီးလေး❤️

    ReplyDelete
  3. Love you my girl. .. 💙🍀

    ReplyDelete
  4. ခုထိသေချာနားမထောင်ရသေးဘူး😁

    ReplyDelete
  5. စာအရှည်ကြီးမို့ မဖတ်တော့ဘူး")
    တေလာစွပ်ပြုတ်တော့ ကြိုက်တယ်

    ReplyDelete
  6. Wheel............dope.🏹🏹🏹

    ReplyDelete
  7. Done ဗုဒ္ဓါပစ္စေက ဗုဓောစ အရဟာအဂသာဝကမတာပိတုဂုရုသတ္တာ ၏မေတေစမဟာဂူနေအဟံဝနာမိသဗ္ဗဓာ🙏🙏🙏🙏🙏

    ReplyDelete

Post a Comment