ရင်ဖွင့်ချက်

 


(စစ်ကိုင်းတိုင်း“LPDF”ရဲဘော်တစ်ဦးရဲ့ ဖွင့်ဟချက်)


လမ်းတွေက ထင်သလောက် မဖြောင့်ဘူး 

အကွေ့ အကောက်တွေ အရမ်းများတယ်၊

ရံဖန်ရံခါ အသက်ရင်းရတာတွေ ရှိတယ်၊

တိုက်ပွဲလို့ မထင်ရတဲ့အခိုက်အတန့်မှာဘဲ

လက်တွေ့တိုက်ပွဲက ပေါ်လာတယ်၊

လက်တွေ့ကြုံမှ တိုက်ပွဲဖြစ်မှန်း သိရပြီးတော့

အသက်ရင်းရတော့မှ အသက်လုရကောင်းမှန်းလည်း

သိခဲ့ရတာတွေက အကြိမ်ကြိမ်ပါဘဲ။


ကြောက်ရဲ့လား?ဆိုတော့ “ဟုတ်ကဲ့ ကြောက်ပါတယ်”

အချိန်မတန်သေးခင် ဘဝတစ်ခု မဆုံးပါးချင်သေးလို့ပါ၊

အနာဂတ်တွေ ဖန်တီးချင်သေးတာလည်း ပါတာပေါ့။


သတ္တိ မရှိဘူးလား?ဆိုတော့ “မဟုတ်ပါဘူး”

“သတ္တိရှိပါတယ်”

ပြည်သူ့အတွက် အသက်ပေးထားရတာဖြစ်လို့

သာမာန်စိတ်က ကြောက်ပေမယ့်လည်း 

အမှန်တရားအတွက် ရဲရဲရင့်ရင့် 

ရင်ဆိုင်မယ်ဆိုတဲ့စိတ်က မကြောက်ဖို့အတွက်

အမြဲတမ်းဘောင်ခတ်နေခဲ့တယ်လေ။

အမှန်တရားကို ဦးညွှတ်အလေးပြုနေခဲ့တဲ့စိတ်ရင်းက

သေမှာကြောက်ပေမယ့် အမှန်တရား မရနိုင်မှာကို 

သေရမှာထက် ပိုကြောက်နေမိတယ်ဆိုပါတော့ဗျာ။


တကယ်အပြင်မှာ လူတွေရဲ့

အလွယ်ကူဆုံး အပြောစကားက 

“အေးဆေးပါ လုပ်နိုင်ပါတယ်”ဆိုပြီး


အခက်အခဲဆုံး လက်တွေ့ကြုံတဲ့အခါမှာတော့

“ကံတရားပေါ့” ဆိုတဲ့ စကားကိုသာ

မနည်းအားယူပြောခဲ့ရတဲ့ အဖြစ်ပါ။


ဆေးကုသတဲ့ ဆရာဝန်က လူနာရဲ့ အသက်ကို

လူနာရဲ့ကံကို သူ့ရဲ့ဆေးပညာနဲ့ အသက်လုပေးရသလိုပဲ

အသက်ရင်းပြီး တိုက်ပွဲဆင်နွဲနေရတဲ့ 

ပြည်သူ့ရဲဘော်တစ်ဦးဟာလည်း

ကံတရားကို ဉဏ်နဲ့ လွှာသုံးပြီး အသက်လုရပါတယ်၊

ဒါတွေက တကယ့် လက်တွေ့ပေါ့၊

အခုထိတော့ ကျွန်တော် မကျဆုံးသေးလို့

ကံကောင်းနေဆဲလို့ပဲ ဆိုရမလား?

ဉာဏ်ကောင်းတယ်လို့ပဲ ဆိုရမလား?

ဒါပေမယ့် အရာရာက အနိစ္စဆိုတော့

ကျွန်တော့်ကံလည်း အမြဲကောင်းနိုင်မယ် မထင်ဘူး၊

ကံကောင်းသည်ဖြစ်စေ ကံဆိုးသည်ဖြစ်စေ 

မတရားမှုကို တော်လှန်ချင်တဲ့စိတ်က

သေမှာ သိလျှက်နဲ့ဘဲ တိုက်ပွဲဝင်ချင်စိတ်ကို

ဘယ်လိုမှ ထိန်းချုပ်လို့ မရခဲ့ဘူး

မနိုင်မချင်း တိုက်ပွဲဝင်ချင်နေတယ်။


အနိုင်ရဖို့ ခက်ခဲပေမယ့် ကျွန်တော်တို့ အရှုံးမပေးဘူး၊

အရှုံးမပေးသ၍ ကျွန်တော်တို့ နိုင်ခွင့်ရှိသလို

အနိုင်ရမယ်ဆိုတာလည်း အပြည့်အဝ ယုံကြည်တယ်။


    (စစ်ကိုင်းတိုင်း“LPDF”ရဲဘော်တစ်ဦးရဲ့ ဖွင့်ဟချက်)

Comments

  1. Fighting🤜🤛
    We'll never give up!!!

    ReplyDelete
  2. Wheel............dope.🏹🏹🏹

    ReplyDelete
  3. ဖိုက်တိုး😩✊️

    ReplyDelete
  4. လေးစားဦးညွတ်ပါတယ်
    ရဲဘော်‌တို့

    ReplyDelete
  5. ရဲဘော်များဘေးကင်းကြပါစေဗျာ🤍

    ReplyDelete
  6. Till the end
    Fighting together 💪

    ReplyDelete
  7. Persistant till the end dear bro & sis... Have a great year for you.

    ReplyDelete
  8. Be strong. We always with our people. We have strong people power.

    ReplyDelete

Post a Comment