ကိုယ့်တန်ဖိုးနဲ့ ကိုယ်

 

“ကိုယ့်တန်ဖိုးနဲ့ ကိုယ်”

~~


သူတစ်ပါးက ဘုရားအမှတ်နဲ့

ယုံကြည်ကိုးကွယ်တဲ့အရာကို

“ယုံကြည်ရကောင်းလား”လို့

အပြစ်မမြင်တတ်ဘူး

ဒါ သူ့ယုံကြည်မှုနဲ့သူ။


သူတစ်ပါးက ချစ်သူအမှတ်နဲ့

ချစ်နေတဲ့သူကို

“ချစ်ရကောင်းလား”လို့

အပြစ်မမြင်တတ်ဘူး

ဒါ သူ့အချစ်နဲ့သူ။


သူတစ်ပါးက အမြတ်နိုးဆုံးအဖြစ်နဲ့

တန်ဖိုးထားနေတဲ့သူကို

“တန်ဖိုးထားရကောင်းလား”လို့

အပြစ်မမြင်တတ်ဘူး

ဒါ သူ့တန်ဖိုးထားခြင်းနဲ့သူ။


လောကမှာ

အကြောင်းအကျိုးဖြစ်တည်မှုတိုင်းက

သူ့အထာနဲ့သူ ဖြစ်တည်နေကြတာမို့

အရှိကို အရှိအတိုင်းလေးပဲ

လက်ခံပေးနိုင်ခြင်းကလည်း

အင်မတန်ကောင်းတဲ့ စိတ်ထားခြင်းလို့ပဲ

ယူဆထားပါတယ်။


ကိုယ့်အတွက် မဟုတ်တဲ့ဘယ်အရာကိုမှ

မမက်မောမိစေဖို့ မတမ်းတမိစေဖို့

ကိုယ့်စိတ်ကို သွန်သင် ဆုံးမခြင်းဟာ

ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းပါဘဲ၊

ကိုယ့်တန်ဖိုးနဲ့ ကိုယ်ပေါ့။


                                လင်းစက်☀️

Comments

Post a Comment