ဇာတ်လိုက်

 

“ဇာတ်လိုက်”

~~


ဇာတ်အရှိန်ဆိုတာ 

အစောကြီး တက်လေ့ မရှိဘူး။


နောက်ဆုံးလက်နက်ဆိုတာ

အစောကြီး ထုပ်သုံးလေ့ မရှိဘူး။


ဆန္ဒစောနေသမျှ

အမှားတွေ ပိုဖြစ်နိုင်တယ်။


အထင်ဆိုတာ

ခန့်မှန်းခြေလေ

မှန်တယ်လို့ ဆိုလို့မရဘူး။


ဖြစ်သင့်တာက ပစ္စုပ္ပန်ကာလကို

အလိုက်အထိုက်လေး ကျော်ဖြတ်ရမှာ။


အခက်အခဲတိုင်း

အဆင်ပြေရမယ်လို့

လောကကြီးက ပညတ်မထားသလို

ဘယ်ဘုရားကမှလည်း ဟော မထားဘူး။


မေးခွန်း မှန်သမျှက 

အရည်အချင်းကို စမ်းသပ်ပေမယ့်

ခက်ခဲတဲ့ မေးခွန်းတွေကတော့

တော်တဲ့သူတွေကို ရွေးထုပ်ဖို့ပါ။


ရုပ်ရှင်တွေထဲမှာ

ဇာတ်လိုက်တွေက 

ပိုပြီးခက်ခဲကြမ်းတမ်းတဲ့ဒဏ် ခံရတယ်

အဲ့သလိုပဲ

ပြင်ပ လက်တွေ့လောကမှာ

လူတော်တွေက 

အဆိုးလောကဓံ ပိုခံရလေ့ရှိတယ်။


အခက်ခဲ ပိုကြုံရတဲ့သူတိုင်းက

အတော်ဆုံးလူတွေ ဖြစ်သွားလေ့ ရှိကြတယ်၊

လူတိုင်းလို့ ဆိုလိုမရပေမယ့်

ယေဘုယျအားဖြင့်တော့

လူတော်တိုင်း အခက်အခဲ ပိုကြုံရပါတယ်။


အခက်အခဲတိုင်းက

တစ်သက်လုံး တသမက်တည်း မမြဲပါဘူး

ဆင်းရဲပြီးရင် ချမ်းသာလည်း လာပါတယ်

ဒါပေမယ့် ကြိုးစားမှုတော့ ရှိရတာပေါ့။


ဒါကြောင့်

ဘယ်အခက်အခဲပဲ ကြုံကြုံ

သင်က ဇာတ်လိုက် ဖြစ်ချင်တယ်ဆိုလျှင်

အချိန်မတန်သေးလို့ 

ကောင်းကျိုးမပေးသေးတာတွေအတွက်

-ဆန္ဒမစောပါနဲ့

-စိတ်မပျက်ပါနဲ့

-သည်းခံပါ

-အတွေး မြှင့်ပါ

-ကြိုးစားပါ

ဒါဆို တနေ့ 

သင် မုချ အဆင်ပြေ တိုးတက်ပါလိမ့်မယ်။


                                    လင်းစက်☀️

Comments

  1. Till the end
    Fighting together 💪

    ReplyDelete

  2. အခက်ခဲ ပိုကြုံရတဲ့သူတိုင်းက

    အတော်ဆုံးလူတွေ ဖြစ်သွားလေ့ ရှိကြတယ်၊

    လူတိုင်းလို့ ဆိုလိုမရပေမယ့်

    ယေဘုယျအားဖြင့်တော့

    လူတော်တိုင်း အခက်အခဲ ပိုကြုံရပါတယ်။

    ReplyDelete
  3. Wheel............dope.🏹🏹🏹

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. သည်းခံပါတယ် bro

    ReplyDelete

Post a Comment