Book Review

 



အလှတရားများထွန်းကားဖြန့်ကျက်ဖို့ အနှောင့်ယှက်ရှိသမျှခွင်းပစ်ဖို့သီချင်းတစ်ပုဒ်ကမြားတစ်စင်းဖြစ်ပါစေ။ ထူးအိမ်သင်ရဲ့ သီချင်းများနဲ့လူ သီချင်းထဲကစာသားဖြစ်ပါတယ် ။ သီချင်းတစ်ပုဒ်ဟာဘဝရဲ့ဦးဆောင်လမ်းပြရာ မီးအိမ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ပျော်နေတဲ့အခါ စိတ်တွေမွန်းကျပ်တဲ့အခါသီချင်းတွေ ဆိုကြတယ် ဆိုတဲ့သီချင်းတွေက စိတ်ခံစားမှုအလိုက်ကွဲပြားသွားကြတယ် ဘာပဲပြောပြောနေ့စဥ်ဘဝမှာ သီချင်းတွေမဆိုမိတဲ့နေ့ဆိုတာသိပ်ကိုရှားပါးပါတယ်။သီချင်းဆိုတာ တန်းမြင့်အနုပညာပစ္စည်းတစ်ခုပါ သေချာနားလည်ခံစားဖို့အတွက်တော့အချိန်ပေးရတယ် အလေ့ကျင့်လည်းလိုပြန်တယ် သေချာခံစားနားမလည်ခဲ့ပဲ သီဆိုညည်းမိတဲ့ သီချင်းတွေကို ဆရာကသေချာခံစားပြီးဖွင့်ဆိုရှင်းပြပြီး ခံစားလို့ပြထားတယ်။ဆရာမြို့မငြိမ်းရဲ့ လူချွန်လူကောင်းဆိုတာ စုံညီပွဲတော်တွေမှာ ကြားနေကျ လိုဆိုညည်းမိနေကျ ဆရာခံစားပြမှပိုပြီးအရသာရှိလာတယ် ပိုပြီးတေးရေးဆရာတွေ အဆိုကျော်တွေကိုပိုချစ်လာရတယ်။ မောင့်လပြည့်ဝန်းသီချင်းဆိုတာ တစ်စုံတစ်ယောက်ကိုသတိရလာတိုင်းညည်းမိတဲ့သီချင်းပေါ့ သီချင်းရဲ့အလှစကားလုံးတွေရဲ့အလှကို ဆရာရှင်းပြတော့ ဆိုညည်းရတာပိုအရသာရှိလာတယ်။ အချစ်အလွမ်းသီချင်းတစ်ပုဒ် တကယ်တမ်းဂုဏ်မြောက်လာပြီဆိုလျှင် သူကပေးသောဘဝအသိသည်တန်ဖိုးမသေးပါ။ အနည်းဆုံးတော့အလှတရားကိုခံစားတတ်သော သဘာဝပို၍အားကောင်းလာတတ်ပါသည်။ အလှတရားကိုဆင်ခြင်စိတ်ဖြင့်ယှဥ်၍ ခံစားနိုင်လေလေ လူ့ယဥ်ကျေးမှု့အဆင်ပိုမြင့်လေလေဖြစ်သည်ဟုကျွန်တော်နားလည်မိ၏။ဆရာရဲ့စာအုပ်ထဲမှသီချင်းများနှင့်ပတ်သတ်၍ မှတ်ချက်ပင်ဖြစ်သည်။ ဆရာစာစုတွေဖတ်ပြီးတေးသီချင်းတွေပို၍ ခံစားနားလည်တတ်လာသည်ဆိုလျှင်မှားမည်မထင်။ မြို့မငြိမ်းနဲ့ဂလိုဘယ်လိုက်ဇေးရှင်း ဆရာချစ်ဦးညို လင်္ကာဒီပစာပေ တန်ဖိုး၂၅၀၀ကျပ်

Comments

Post a Comment