သီချင်းကဗျာ ၆

 

သီချင်းကဗျာ ကဗျာသီချင်း (၆)

"မြေကြီးဖြစ်ကြရအောင်"


မှိုင်းရာပြည့် ‌အရေးအခင်းမှာ နရသိန်ကို ရောက်ရှိခဲ့ရတဲ့ ကဗျာဆရာတစ်ဦး။ ကလောင်နာမည်က မောင်မောင်သာမြတ်။ လူကိုသာချုပ်လို့ရမယ်။ အသွေးအသားထဲမှာ စီးဆင်းနေတဲ့ ကဗျာဗီဇကိုဝောာ့ ဘာနဲ့မှ ထိန်းချုပ်လို့မရနိုင်ဘူးလေ။ နံရံတွေနောက်မှာ မွေးဖွားခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ဘေ့စ်ဂစ်တာပညာရှင် ဆလိုင်းဇာလျန်းက သီချင်းတစ်ပုဒ်အသွင်နဲ့ ပရိတ်သတ်ရှေ့မှောက်ကို ရောက်ရှိ‌စေခဲ့ပါတယ်။ 1993 ခုနှစ်မှာ ထွက်ခဲ့တဲ့ အဆိုတော် စီယံ ရဲ့ ဘလူး(စ်)ရသတွေနဲ့ ခြယ်မှုန်းထားတဲ့ "အရိပ်ရဲ့မျိုးစေ့" တေးစီးရီးထဲက သီချင်းတစ်ပုဒ် အဖြစ်နဲ့ပေါ့။ စကားလုံးတွေကို ခံစားကြည့်ဖို့ မျှဝေလိုက်ပါတယ်။


"မြေကြီးဖြစ်ကြရအောင်"

စာသား-မောင်မောင်သာမြတ်

သံစဉ်-ဇာလျန်း

ဆို-စီယံ

------------------------------------

အချစ်တွေက ခြေထောက်တွေနဲ့သွားလာ

သစ္စာတွေက ရေလိုစိမ့်ဝင်

ကြင်နာမှု သစ်ပင်တွေ အုပ်မိုး

အလွမ်းဆိုတဲ့ ခိုဖြူလေးတွေခိုပြာလေးတွေက

(တိုးတိုးလေး)၃ ညည်းကြတဲ့ ..


(မြေကြီးဖြစ်ကြရအောင်)၄

မင်းနဲ့ငါအတူကြေမွပြီး

(မြေကြီးဖြစ်ကြရအောင်)၄


ဘယ်သူမှမမြင်ခင် ဖြူဖြူစင်စင်နဲ့ကွယ်

ပန်းပင်လေးတွေ ပွင့်လန်းဖို့ ခွင့်ပြုလိုက်ပါတော့ကွယ်

သူတို့ပွင့်မှ မွှေးကြချိုကြ စိုပြေကြနဲ့မို့

အလွမ်းဆိုတဲ့ ခိုဖြူလေးတွေခိုပြာလေးတွေက

(တိုးတိုးလေး)၃ ညည်းကြတဲ့..


အေးလေလာလေ အတူတူကြေမွပြီး

(မြေကြီးဖြစ်ကြရအောင်)၄

Comments

Post a Comment