Book review

 

ပျောက်ဆုံးသွားသောမျိုးဆက်များ

ကျော်၀င်း


နိုင်ငံရေးစာပေဆိုလိုက်တာနဲ့ ဆရာ့စာတွေကိုပြေးမြင်မိသည် များပြားလှသောနိုင်ငံရေးအတွေးအခေါ် စီးပွားရေးအတွေးမြင်စာအုပ်တွေထဲကမှ ဆရာ့ရဲ့ ဘ၀အကြောင်းလည်းဖြစ်တဲ့ ပျောက်ဆုံးသွားသောမျိုးဆက္များစာအုပ်ကိုပို၍ အာရုံကျမိသည်။ စာအုပ်သုံးတွဲမှာ ပထမတစ်တွဲက ဆရာ့လူငယ်ဘ၀ တက္ကသိုလ်ကျောင်းသားဘ၀ မန်းလေးတက္ကသိုလ်ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆန္ဒပြပွဲတွေ လူ့ငယ်ဘ၀ ရင်ခုန်သံတွေ နိုင်ငံရေး၀ိဥာဥ္စသန္ဓေတည်ခဲ့သော ကျောင်းသားဘ၀လှုပ်ရှားရုန်းကန်မှုများ အချစ်ကိုဦးစားမပေး နိုင်ငံရေးကို ဦးစားပေးခဲ့သော လွမ်းမောဖွယ် အချိန်များအကြောင်း။ဒုတိယအတွဲမှာမူ ဆရာရဲ့တောတွင်းအတွေ့ကြုံ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးတချို့ လက်နက်ကိုင်တော်လှန်ရေးရဲ့ မြင်ကွင်းများ လက်နက်ကိုင်တော်လှန်ရေးရဲ့ ကောင်းကွက်ဆိုးကွက္များ တောခိုကာ လှုပ်ရှားခဲ့သော နိုင်ငံရေး ဒီရေ မြင့်ဆုံးအချိန်ကာလအကြောင်း။နိုင်ငံရေးနဲ့ ထောင်ကျပြီးသကာလ ထောင်ကထွက်ချိန် ဘ၀အတွက်ရုန်းကန်ရမှုများ စား၀တ်နေရေးရုန်းကန်ရပုံများ ချစ်ခင်မြတ်နိုးရသော ဘ၀လက်တွဲဖော် ငြိမ်းချမ်းစိုပြည်သော မိသားစုဘ၀ ဆရာတည်ဆောက်ခဲ့ပုံ။တတိယတွဲမှာမူ ထောင်တွင်းအတွေ့ကြုံများ ၈၈ကာလ ဆန္ဒပြပွဲများ ဦးဆောင်လှုပ်ရှားခဲ့မှုများ အကြောင်း ။ မြန်မာနိုင်ငံရဲ့ မတည်ငြိမ်သောနိုင်ငံရေး လှိုင်းလုံးအောက်ပျောက်ဆုံးသွားသော မျိုးဆက္များ တချို့ကထောင်တွင်းမှာ တချို့ကတောထဲမှာ ပညာတ၀က်တပျက် ဘ၀ရှေ့ရေးမသေချာ အနာဂါတ်ပျောက် နောက်ဆုံးအသက်ပါပျောက် ပေးဆပ်ခဲ့ရသောမျိုးဆက္များ ဒီမိုကရေစီအရေးအတွက် ဒုက္ခအမျိုးမျိုးခံစားကာ အာဏာရှင်ကိုတွန်းလှန်ကြရင်း နောက္မျိုးဆက်အတွက်ကောင်းသောအမွေပေးချင်ခဲ့ကြသူများ။ လက်နက်ကိုင်တော်လှန်ရေးအပေါ် ဆရာ့သဘောထားအမြင်ကို သည်စာအုပ်မှာ ကောင်းစွာတွေ့မြင်ရမည်ဖြစ်ပါသည်။

Comments

Post a Comment