Posts

၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့

  (၇၅) နှစ်ပြည့် လွတ်လပ်ရေးနေ့  ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃ဝ၉ ခုနှစ် ပြာသိုလဆုတ် ၉ ရက်၊ တနင်္ဂနွေနေ့ကား မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံတော်အဖြစ်သို့ ကောင်းစွာရောက်ရှိသောနေ့ ဖြစ်လေသည်။ ထိုနေ့သည် ပြည်ထောင်စု မြန်မာနိုင်ငံသားများအဖို့ ထူးမြတ်သော နေ့တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ရွာများတွင် ထိုနေ့ကို မှတ်တမ်းတင်သော မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။ “ ဂြီသက္ကရာဇ် တစ်ထောင့်သုံးရာကိုးခုနှစ်၊ ပြာသိုလဆုတ် (၉)ရက်၊ တနင်္ဂနွေနေ့အား ဤငါတို့မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ် အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ် ကောင်းစွာရောက်သတည်း။ ” မြန်မာနိုင်ငံ အောက်ပိုင်း၌ နှစ်ပေါင်း ၁ဝဝ မျှ၊ မြန်မာနိုင်ငံ အထက်ပိုင်း၌ နှစ်ပေါင်း ၆ဝကျော်မျှ နိုင်ငံခြားသားတို့၏ အချုပ်အချယ်ကို ခံခဲ့ကြရပြီးနောက် မြန်မာခေါင်းဆောင်ကြီးများ၏ အမျိုးမျိုးသော ကြိုးပမ်းမှု တို့ကြောင့်ရရှိခဲ့သော ဤလွတ်လပ်ရေးကို တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးစေရန်မှာ ပြည်ထောင်စုသာ

Poem

  နာကျင်မှုကိုသာ  လှုံကြ။  -ကြည်ဇော်အေး (လာမယ့်ဆောင်းရာသီ)

ကဗျာ

  မီးခိုးချက်ခြင်း ​​မြေပဲလှော်သလို လှော်နေကြသာပ။  ခုတော​့ သူများပေးစာ ထိုင်စားနေကြရသာဖဲ။  ဆောင်းတွင်းကြီး ရေခဲမုန့်တွေ လိမ့်ရောင်းနေကောင်းနေတယ်။  - ဏေလွန်

အမှီ

  သန်းခေါင်းလည်း ရောက်ခဲ့ပြီ ငါတို့ အရုဏ်တက်ချိန် မှီရမယ်။ 

အရောက်

  အလင်းကား ထွန်းခဲ့တယ် တို့အရောက်သွားရမယ်။ 

Book review

  ပျောက်ဆုံးသွားသောမျိုးဆက်များ ကျော်၀င်း နိုင်ငံရေးစာပေဆိုလိုက်တာနဲ့ ဆရာ့စာတွေကိုပြေးမြင်မိသည် များပြားလှသောနိုင်ငံရေးအတွေးအခေါ် စီးပွားရေးအတွေးမြင်စာအုပ်တွေထဲကမှ ဆရာ့ရဲ့ ဘ၀အကြောင်းလည်းဖြစ်တဲ့ ပျောက်ဆုံးသွားသောမျိုးဆက္များစာအုပ်ကိုပို၍ အာရုံကျမိသည်။ စာအုပ်သုံးတွဲမှာ ပထမတစ်တွဲက ဆရာ့လူငယ်ဘ၀ တက္ကသိုလ်ကျောင်းသားဘ၀ မန်းလေးတက္ကသိုလ်ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆန္ဒပြပွဲတွေ လူ့ငယ်ဘ၀ ရင်ခုန်သံတွေ နိုင်ငံရေး၀ိဥာဥ္စသန္ဓေတည်ခဲ့သော ကျောင်းသားဘ၀လှုပ်ရှားရုန်းကန်မှုများ အချစ်ကိုဦးစားမပေး နိုင်ငံရေးကို ဦးစားပေးခဲ့သော လွမ်းမောဖွယ် အချိန်များအကြောင်း။ဒုတိယအတွဲမှာမူ ဆရာရဲ့တောတွင်းအတွေ့ကြုံ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးတချို့ လက်နက်ကိုင်တော်လှန်ရေးရဲ့ မြင်ကွင်းများ လက်နက်ကိုင်တော်လှန်ရေးရဲ့ ကောင်းကွက်ဆိုးကွက္များ တောခိုကာ လှုပ်ရှားခဲ့သော နိုင်ငံရေး ဒီရေ မြင့်ဆုံးအချိန်ကာလအကြောင်း။နိုင်ငံရေးနဲ့ ထောင်ကျပြီးသကာလ ထောင်ကထွက်ချိန် ဘ၀အတွက်ရုန်းကန်ရမှုများ စား၀တ်နေရေးရုန်းကန်ရပုံများ ချစ်ခင်မြတ်နိုးရသော ဘ၀လက်တွဲဖော် ငြိမ်းချမ်းစိုပြည်သော မိသားစုဘ၀ ဆရာတည်ဆောက်ခဲ့ပုံ။တတိယတွဲမှာမူ ထောင်တွင်းအတ

သီချင်းကဗျာ ၆

  သီချင်းကဗျာ ကဗျာသီချင်း (၆) "မြေကြီးဖြစ်ကြရအောင်" မှိုင်းရာပြည့် ‌အရေးအခင်းမှာ နရသိန်ကို ရောက်ရှိခဲ့ရတဲ့ ကဗျာဆရာတစ်ဦး။ ကလောင်နာမည်က မောင်မောင်သာမြတ်။ လူကိုသာချုပ်လို့ရမယ်။ အသွေးအသားထဲမှာ စီးဆင်းနေတဲ့ ကဗျာဗီဇကိုဝောာ့ ဘာနဲ့မှ ထိန်းချုပ်လို့မရနိုင်ဘူးလေ။ နံရံတွေနောက်မှာ မွေးဖွားခဲ့တဲ့ ကဗျာတစ်ပုဒ်ကို ဘေ့စ်ဂစ်တာပညာရှင် ဆလိုင်းဇာလျန်းက သီချင်းတစ်ပုဒ်အသွင်နဲ့ ပရိတ်သတ်ရှေ့မှောက်ကို ရောက်ရှိ‌စေခဲ့ပါတယ်။ 1993 ခုနှစ်မှာ ထွက်ခဲ့တဲ့ အဆိုတော် စီယံ ရဲ့ ဘလူး(စ်)ရသတွေနဲ့ ခြယ်မှုန်းထားတဲ့ "အရိပ်ရဲ့မျိုးစေ့" တေးစီးရီးထဲက သီချင်းတစ်ပုဒ် အဖြစ်နဲ့ပေါ့။ စကားလုံးတွေကို ခံစားကြည့်ဖို့ မျှဝေလိုက်ပါတယ်။ "မြေကြီးဖြစ်ကြရအောင်" စာသား-မောင်မောင်သာမြတ် သံစဉ်-ဇာလျန်း ဆို-စီယံ ------------------------------------ အချစ်တွေက ခြေထောက်တွေနဲ့သွားလာ သစ္စာတွေက ရေလိုစိမ့်ဝင် ကြင်နာမှု သစ်ပင်တွေ အုပ်မိုး အလွမ်းဆိုတဲ့ ခိုဖြူလေးတွေခိုပြာလေးတွေက (တိုးတိုးလေး)၃ ညည်းကြတဲ့ .. (မြေကြီးဖြစ်ကြရအောင်)၄ မင်းနဲ့ငါအတူကြေမွပြီး (မြေကြီးဖြစ်ကြရအောင်)၄ ဘယ်သူမှမမြင်ခင် ဖြူဖြူစင်စင်နဲ့ကွယ် ပန်းပင်လေးတွေ ပွင့်လန်းဖ