Curtain,Jug and Fruit Bowl
Curtain, Jug and Fruit Bowl (Paul Cezanne) ပြင်သစ်ပန်းချီဆရာ တစ်ဉီးဖြစ်တဲ့ Paul Cezanne (1839-1906) ဟာ စုတ်ချက်ကြမ်းကြမ်း ဆေးသားထူထူတွေကိုအသုံးပြုပြီး သက်ရှိသက်မဲ့တို့အပေါ်မှာ ကျရောက်နေတဲ့ အလင်းအမှောင်နဲ့ အရောင်တို့ကို ဖမ်းဆုပ်ပုံဖေါ်ဖို့ ကြိုးစားတဲ့ Impressionism ပန်းချီကို ဦးဆောင်ခဲ့သူ တစ်ဦးလဲ ဖြစ်ပါတယ်။ Cezanne ဟာ သူ့ရဲ့ ပန်းချီသက်တမ်း အနှစ် ၄၀ လောက်ကာလအတွင်းမှာ ဆီဆေး ရေဆေး ပန်းချီကားစုစုပေါင်း ၁၀၀၀ ကျော် ရေးဆွဲခဲ့ပါတယ်။ သူ့ရဲ့ပန်းချီကားများစွာဟာလည်း ယနေ့တိုင် ပန်းချီလောကရဲ့ ဂန္ထဝင်လက်ရာတွေအဖြစ် ကျော်ကြားနေဆဲဖြစ်ပါတယ်။ Cezanne ရဲ့ပန်းချီနဲ့ပတ်သက်တဲ့ အယူအဆကလည်း မှတ်သားဖွယ်ပါပဲ။ "Painting from nature is not copying the object, it is realising one's sensations" ပန်းချီဆရာဆိုပေမယ့် Cezanne ဟာ ဒေါသကြီးတတ်ပါသတဲ့။ မော်ဒယ်ထိုင်ပေးသူတွေကို သဘောမတွေ့ရင် Cezanne ဟာ အော်ငေါက်လေ့ရှိပါတယ်။ Cezanne ဟာ သက်ငြိမ်ပန်းချီကားပေါင်းများစွာကိုလည်းရေးဆွဲခဲ့ပါတယ်။ ပန်းသီးတွေဟာ သူ့ရဲ့သက်ငြိမ်ပန်းချီကားတွေအတွက် ပန်းသီးတွေကို မကြာခဏအသုံးပြုလေ့ရှိပါတယ်။ Curtain, jug and fruit bowl ကတော...