ရင့်ကျက်ခြင်း
“ရင့်ကျက်ခြင်း” ~ ~~ တချို့ စကားတွေကို ပြောပြချင်ပေမယ့် ပြောမပြဖြစ်တော့ဘူး။ တချို့ပြဿနာတွေကို ဖြေရှင်းချင်ပေမယ့် မဖြေရှင်းဖြစ်တော့ဘူး။ တချို့လူတွေကို မုန်းချင်ပေမယ့် မမုန်းဖြစ်တော့ဘူး။ တချို့ နာကျင်မှုတွေကို ထုပ်ပြချင်ပေမယ့် ထုပ်မပြဖြစ်တော့ဘူး။ အဲ့လိုပဲ နေဖြစ်ဖို့ အကြောင်းဖန်လာတော့ “မေးခွန်းတိုင်းက အဖြေရှိပေမယ့် မဖြေသင့်တဲ့ မေးခွန်း ရှိတယ်”ဆိုတဲ့ စကားပုံကို လက်တွေ့ကျကျ နားလည်လာတယ်။ ဝမ်းနည်းနေပေမယ့် ပြုံးပြတတ်လာတယ်။ ဝမ်းသာချင်ပေမယ့် တည်ငြိမ်နေတတ်တယ်။ ဒါတွေဟာ မာယာ မဟုတ်တဲ့ ရိုးသားဖြူစင်တဲ့ ရင့်ကျက်မှုလို့ သိလိုက်ရတယ်။ ရင့်ကျက်မှုရဲ့ တစ်စိတ်တစ်ပိုင်းတချို့က စိတ်ကို တည်ငြိမ်စေနိုင်တာကိုတော့ တစ်ပိုင်းတစ်စတော့ ထိတွေ့ခံစား သိနေရပြီ။ ရင့်ကျက်လေ သဘောပေါက်လေ ပိုတည်ငြိမ်လေ ဆုံးဖြတ်ချက် ပြတ်သားလေပါပဲ။ လင်းစက်☀️