ပျောက်ဆုံးသွားသောမျိုးဆက်များ ကျော်၀င်း နိုင်ငံရေးစာပေဆိုလိုက်တာနဲ့ ဆရာ့စာတွေကိုပြေးမြင်မိသည် များပြားလှသောနိုင်ငံရေးအတွေးအခေါ် စီးပွားရေးအတွေးမြင်စာအုပ်တွေထဲကမှ ဆရာ့ရဲ့ ဘ၀အကြောင်းလည်းဖြစ်တဲ့ ပျောက်ဆုံးသွားသောမျိုးဆက္များစာအုပ်ကိုပို၍ အာရုံကျမိသည်။ စာအုပ်သုံးတွဲမှာ ပထမတစ်တွဲက ဆရာ့လူငယ်ဘ၀ တက္ကသိုလ်ကျောင်းသားဘ၀ မန်းလေးတက္ကသိုလ်ကျောင်းသားတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆန္ဒပြပွဲတွေ လူ့ငယ်ဘ၀ ရင်ခုန်သံတွေ နိုင်ငံရေး၀ိဥာဥ္စသန္ဓေတည်ခဲ့သော ကျောင်းသားဘ၀လှုပ်ရှားရုန်းကန်မှုများ အချစ်ကိုဦးစားမပေး နိုင်ငံရေးကို ဦးစားပေးခဲ့သော လွမ်းမောဖွယ် အချိန်များအကြောင်း။ဒုတိယအတွဲမှာမူ ဆရာရဲ့တောတွင်းအတွေ့ကြုံ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးတချို့ လက်နက်ကိုင်တော်လှန်ရေးရဲ့ မြင်ကွင်းများ လက်နက်ကိုင်တော်လှန်ရေးရဲ့ ကောင်းကွက်ဆိုးကွက္များ တောခိုကာ လှုပ်ရှားခဲ့သော နိုင်ငံရေး ဒီရေ မြင့်ဆုံးအချိန်ကာလအကြောင်း။နိုင်ငံရေးနဲ့ ထောင်ကျပြီးသကာလ ထောင်ကထွက်ချိန် ဘ၀အတွက်ရုန်းကန်ရမှုများ စား၀တ်နေရေးရုန်းကန်ရပုံများ ချစ်ခင်မြတ်နိုးရသော ဘ၀လက်တွဲဖော် ငြိမ်းချမ်းစိုပြည်သော မိသားစုဘ၀ ဆရာတည်ဆောက်ခဲ့ပုံ။တတိယတွဲမှာမူ ထောင်တွင...