Phototherapy

အင်္ဂလန်နိုင်ငံက Rochford ဆေးရုံမှာလုပ်တဲ့ သူနာပြုဆရာမ Jean Ward ဟာ မွေးကင်းစကလေးငယ်လေးကို နေစာလှုံခိုင်းခြင်ဟာ ကျန်းမာစေတယ်လို့ ယူဆသူဖြစ်ပါတယ်။ ဆရာဝန်တွေက သိပ်သဘောမကျတဲ့အတွက် ဆရာဝန်တွေမလာခင်မှာ ကလေးတွေကို နေရောင်ပြလေ့ရှိပါတယ်။ တစ်ရက်မှာတော့ ကလေးငယ်ကို အဝတ်စလေးတစ်ပိုင်းပဲအုပ်ပြီး ကိုယ်တုံးလုံးနဲ့နေရောင်မှာထားပြကာ ဆရာဝန်တွေကို လက်တွေ့ပြခဲ့ပါတယ်။ ကလေးငယ်ဟာ နေရောင်တိုက်ရိုက်ထိတဲ့ နေရာတွေမှာ အရောင်ဖျော့နေပြီး အဝတ်အုပ်ထားတဲ့နေရာမှာတော့ ဝါနေတာတွေ့ခဲ့ရပါတယ်။ အဲဒီနောက် ရောဂါဗေဒပညာရှင် Dr Perryman ဟာ သွေးဖန်ပြွန်တစ်ခုကို နေရောင်ထဲမှာ ထားပြီးစမ်သပ်ကြည့်တဲ့အခါ အသားဝါစေတဲ့ဓာတ် (bilirubin)ဟာ သွေးထဲမှာလျော့နည်းသွားတာကိုတွေ့ရပါတယ်။ အဲဒီဖြစ်ရပ်တွေကို စဉ်းစားဆက်စပ်ကြည့်ပြီး ဆရာဝန်တစ်စု (Dr Cremer, Dr Richards, Dr Dobbs) ဟာ လျှပ်စစ်မီးချောင်းကိုသုံးပြီး ကလေးတွေကိုအလင်းရောင်ပေးကြည့်တဲ့ သုတေသနကို ပြုလုပ်ခဲ့ပြီး ၁၉၅၈ မှာစာတမ်းရေးသားတင်ပြခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆယ်နှစ်ခန့်အကြာမှာ အထင်ကရပြုလုပ်တဲ့ သုတေသနစမ်းသပ်မှုရဲ့ ရလဒ်တွေထွက်ပေါ်လာပြီးနောက်မှသာ အလင်းကုထုံးကို ဆေးပညာလောကမှာ ကျယ်ကျယ်ပ...