တော်လှန်သတင်းစာပညာ

ပြည်သူ့အတွက် တော်လှန်သတင်းစာပညာ တော်လှန်ရေးကာလတွင် သတင်းအချက်အလက်ကို အချိန်နှင့်တပြေးညီ သိရှိရေးသည် အလွန်အရေးကြီးပေသည်။ ယခင်ရှိနှင့်ပြီးသား ယုံကြည်အားကိုးရသော ပြည်တွင်းသတင်းမီဒီဌာနများသည် အာဏာသိမ်းပြီးနောက် အဖမ်းမခံရအောင် တိမ်းရှောင်နေရသဖြင့် ကိုယ်တိုင်ကိုယ်ကျ သတင်းလိုက်မယူနိုင်တော့ပေ။ ထိုအခါ သက်ဆိုင်ရာဒေသခံတွေက သတင်းဌာနတွေကို သတင်းပေးပို့လာကြရသည်။ အဆိုပါပေးပို့လာသော သတင်းများကို သတင်းဌာနများက စိစစ်ပြီး ပြည်သူ့ထံကို ပြန်လည်တင်ပြလာရသည်။ ဤနည်းဖြင့် လူတွေသည် သတင်းသမားများဖြစ်လာကြသည်။ ပြည်သူ့ သတင်းစာဆရာ CJ (Citizens Journalist ) ဟူသော အခေါ်အဝေါ်ပင် ပေါ်ထွက်လာခဲ့သည်။ ယခုခေတ်ကာလတွင် လူတိုင်းသည် တစ်ချိန်မဟုတ်တစ်ချိန် သတင်းစာပညာနှင့် ပတ်သက်နိုင်ချေရှိလာပါသည်။ မိမိအနားကိုရောက်လာသည့် သတင်းအချက်အလက်ကို သက်ဆိုင်ရာပြည်သူများအချိန်မီသိရှိနိုင်အောင် ပြန်လည်ဖြန့်ဝေနိုင်မှသာ လူ့အသက်များကို ကယ်တင်နိုင်ပေမည်။ တနည်းအားဖြင့် တော်လှန်ရေးအတွက် တာဝန်ကျေပေမည်။ သတင်းမီဒီယာပေါင်းစုံကလည်း သတင်းများပေးပို့ရန် အမြဲလိုလိုတောင်းဆိုနေကြသည်ကို တွေ့နိုင်ပါသည်။ ထို့ကြောင့် ...