May Day

လုပ်သားရဲဘော်များနှင့်အတူ သွေးစည်းကြမှ အောင်ပွဲရမည် =============== ချစ်ဝင်းမောင် " လူသားဖြစ်တည်မှုကို မြှင့်တင်ပေးတဲ့ အလုပ်ဟူသမျှဟာ ဂုဏ်သိက္ခာရှိပြီး အရေးပါတယ်။အကောင်းဆုံးဖြစ်အောင် အပတ်တကုတ် လက်ခံဆောင်ရွက်ရမယ်" ဒီစကားကို ပြောခဲ့တဲ့သူကတော့ အမေရိကန် အရပ်ဘက်အခွင့်အရေးလှုပ်ရှားမှုခေါင်းဆောင် မာတင် လူသာကင်း ဂျူနီယာ (၁၉၂၉ - ၁၉၆၈)ဖြစ်ပါတယ်။ မာတင် လူသာကင်း ဂျူနီယာက ဒီစကားကို ပြောခဲ့တာဟာ အချိန်အားဖြင့် ကြာညောင်းခဲ့ပြီ ဖြစ်ပေမယ့် ဒီစကားကို ကြားသိသူ ကမ္ဘာသူ၊ကမ္ဘာသားတို့ရဲ့ ရင်ထဲမှာတော့ သတ္တိ၊ ခွန်အား၊ ရဲ့ရင့်မှု တို့ ထုံကူးစေလျက်ရှိနေပါတယ်။ဒီစကားအတိုင်းပဲ.... ကမ္ဘာ့သမိုင်းမှာ လူသားဖြစ်တည်မှုကို မြှင့်တင်ပေးခဲ့တဲ့၊ ဂုဏ်သိက္ခာရှိပြီး အရေးပါလှတဲ့ အကောင်းဆုံး ကြိုးစားခဲ့မှုတစ်ရပ်ကိုလည်း ယနေ့ထိ နှစ်စဉ် ဂုဏ်ပြု ဦးညွတ်အလေးပြုလို့ ခွန်အားယူနေရဆဲ ဖြစ်ပါတယ်။ ဒါကတော့ "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဒါမှမဟုတ် မေဒေးသမိုင်း" ပဲ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ ဒါမှမဟုတ် မေဒေး သမိုင်း နှစ်စဉ် မေလ(၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့(ဝါ)မေဒေး ဟု သတ်မှတ်ခြင်းမှာ ၁၈၈၆ ခုနစ် မေ...