Halloween

X-mas ပြီးရင် ဒုတိယ လူကြိုက်အများဆုံးဖြစ်တဲ့ Halloween ပွဲတော်အကြောင်းကို သင်သိပြီးပြီလား။ - ခရစ်ယာန်ဘာသာရေးပွဲတော်ခေါ် Halloween ပွဲတော်ဖြစ်ပေါ်လာပုံ 'Halloween' ဆိုတဲ့ စာကားလုံးက 'All Hallows' Eve' ဆိုတဲ့ ဘာသာရေးစကားလုံးက ဆင်းသက်လာတာဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်များရဲ့ မြင့်မြတ်သောနေ့များဖြစ်တဲ့ November 1 ( All Saints' Day) နဲ့ November 2 (All Sauls' Day) မတိုင်ခင် October 31 မှာ ကျင်းပလေ့ရှိပါတယ်။ အချိန်အတိအကျကတော့ October 31 ညနေ 5:30 ကနေ ည 9:00 အထိပဲ ဖြစ်ပါတယ်။ Celtic လူမျိုးများရဲ့ Samhain ပွဲတော် ရိုးရာဓလေ့ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ November 1 ရက်နေ့က Celtic ပြက္ခဒိန်ရဲ့ နှစ်သစ်ကူးရက်ဖြစ်တဲ့အတွက် October 31 ရက်နေ့သည် နှစ်ဟောင်း၏ နောက်ဆုံးညဖြစ်သည့်အပြင် နှစ်တစ်နှစ်ရဲ့ နွေရာသီကုန်ဆုံးပြီး ဆောင်းဦးဝင်မည့် ကာလလည်းဖြစ်ပါတယ်။ Samhain ပွဲတော်အရ ဒီကာလသည် လူ့လောကနှင့် ပရလောကဆက်နွှယ်သည့်အချိန်ဖြစ်ပြီး လောကနှစ်ခုဆက်နွှယ်မှုအလွှာမှာလည်း အပါးလွှာဆုံးဖြစ်ပါတယ်။ ထိုပါးလွှာမှုကြောင့် ဘိုးဘေးဘီဘင်များသာမက မကောင်းဆိုးဝါးများနှင့် နတ်ဆိုးများပါ နိုးထလာပြီး လူ့လောက...