နေ့စွဲများ
ဖျောက်ပစ်ချင်တဲ့ နေ့စွဲတွေ… ကျောင်းကထိန်မကျင်းပမှီ တရက်အလိုတွင် ဖြစ်သည်။ ကျောင်းခန်းထဲသို့ အတန်းပိုင်ဆရာမ ဝင်လာသည်။ ဆရာမက အတန်းထဲကို ဝေ့ကြည့်ပြီးလျှင် ကျနော့်ကိုမြင်သည်နဲ့ မော်နီတာ လာဦး ဟု ခေါ်လေသည်။ ကျွန်တော်ရောက်သည်နှင့်ဆရာမက မနက်ဖြန်မနက် ကထိန်ကျင်းပမည်ဖြစ်သဖြင့် ဒီည ကထိန်ခင်းထားသောပစ္စည်းများမပျောက်ပျက်စေရန် ကျောင်းတွင်ညစောင့်အိပ်ရမည့်အကြောင်း ပြောခြင်းဖြစ်သည်။ တစ်ခန်းလျှင်တစ်ယောက်စောင့်အိပ်ရမည် ဖြစ်ပြီး ကျွန်တော်တို့အခန်းသည် ၈တန်း အေခန်း ဖြစ်သည်။ ကျွန်တော်တို့ အေခန်းက ကထိန်တစ်ခု ခင်းသည်။ ကျန်သောအခန်းက အတန်းခေါင်းဆောင်များနဲ့အတူ ညစောင့်အိပ်ရမည့်ဖြစ်သဖြင့် အဖော်ရှိသည်။ ဆရာမအား ညစောင့်အိပ်ပေးမည့်အကြောင်းပြောပြီးလျှင် ညနေကျောင်းဆင်းချိန် အိမ်ပြန် အသိပေးပြီး ညစာစား၍ ကျောင်းကိုပြန်လာခဲ့သည်။ ကျွန်တော်တို့ကျောင်းတွင် အဆောင်၄ဆောင် ရှိပြီး နှစ်ထပ်ဆောင် တစ်ဆောင်ရှိသည်။ ထိုနှစ်ထပ်ဆောင်ရှေ့တွင် အတန်းတိုင်း၏ကထိန်ပစ္စည်းများ ခင်းထားသည်။ ကထိန်ပစ္စည်းများရှေ့တွင် ဖျာများခင်းထားပြီး ညစောင့်မည့်ကျောင်းသားများက တလှည့်စီ ကင်းစောင့်အိပ်ရမည်ဖြစ်သည်။ တီဗွီတစ်လုံးလည်း ရှိ၏။ မအိပ်ချင်သူမျ...